23.06.2024 - 12th week of Sunday in Ordinary time
ဇွန်လ ၂၃ ရက်၊ ၂၀၂၄၊ ၁၂ ကြိမ်မြောက်သာမန်တနင်္ဂနွေနေ့
Gospel (Mk; 4:35-41)ရှင်မာတေးဦး ၄း၃၅-၄၁
Reflection by Rev.Fr. Thomas Zaw Lwin,OSM
Posted by Sr. Benedetta Myat Hnin Nwe,ISR
ဒီနေ့ဧ၀ံဂလိကျမ်းစာထဲမှာ အိပ်နေတဲ့ခရစ်တော်ကထပြီး ပင်လယ်လှိုင်းတွေကိုတိတ်ဆိတ်ခဲ့တယ်၊ လူ့ဘ၀ကအကောင်းနှင့်အဆိုး၊ ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်းတွေနဲ့ဒွန်တွဲနေတယ်။ ကောင်းတဲ့အရာတွေကိုတွေ့ကြုံတဲ့အခါ ပြုံးနေပေမဲ့ဒုက္ခအခက်ခဲတွေတွေ့ကြုံတဲ့အခါ ယုံကြည်ခြင်းမဲ့ပြီး စိတ်ပျက်အားငယ်ကြတယ်၊ဘုရားအပေါ်ယုံကြည်ခြင်း အားနည်းလာကြတယ်။ဒီနေ့ကျမ်းစာထဲမှာ ခရစ်တော်ကတပည့်တော်ကြီးနဲ့အတူရှိနေပေမဲ့ တပည့်တော်ကြီးတွေက ဒုက္ခနဲ့တွေ့ကြုံတဲ့အခါ စိုးရိမ်ကြောက်ရွံ့ခဲ့ကြတယ်။ ဒါကြောင့် ခရစ်တော်က သင့်တို့ငါကို ဘာဖြစ်လို့ မယုံကြည်တာလဲလို့ မေးခဲ့တယ်၊ ယုံကြည်ခြင်း၌ ခိုင်မြဲဖို့လည်းတိုက်တွန်းခဲ့တယ်။ဓမ္မဟောင်းက ယောဘ တကယ်ပဲ ဖြောင့်မတ်သူ၊ ဘုရားတရားကိုင်းရှိုင်းသူ၊ လူ့ဘ၀မှာ ဒုက္ခတွေ တခုပြီးတခုဆက်တိုက်ရင်ဆိုင်ခဲ့တယ်။ သူ့ရဲ့ဇနီးနဲ့ သူ့ရဲ့မိတ်ဆွေတွေက ‘’သင်တို့ဒီလိုအခြေအနေကို ရောက်စေခဲ့တဲ့သင်ယုံကြည်တဲ့ဘုရားကို စွန့်လွှတ်လိုက်ပါ’’ပြောတဲ့အခါ ယောဘက ဘာပြန်ပြောလဲဆိုရင် ‘’ငါရဲ့အရေခွံအသားရေစုတ်ပြဲသွားရင်တောင် ငါရဲ့အရိုးထဲကနေဘုရားသခင်ကို ယုံကြည်ပြီးချီးမွန်းထောပနာပြုမယ်’’လို့ ပြောခဲ့တယ်။ ဒီနေ့ယောဘလိုဘ၀ရဲ့အခြေအနေတိုင်းမှာ ဘုရားပေါ်ယုံကြည်တဲ့သားသမီးဖြစ်ဖို့ကြိုးစားအားထုတ်ကြပါစို့။