25.06.2024 - 12th week of Tuesday in Ordinary time
ဇွန်လ ၂၅ ရက်၊ ၂၀၂၄၊ ၁၂ ကြိမ်မြောက်သာမန်ကာလ (အင်္ဂါနေ့)
Gospel (Mt; 7:6, 12-14) ရှင်မာတေးဦး ၇း၆,၁၂-၁၄
Reflection by Rev.Fr. Thomas Zaw Lwin,OSM
Posted by Sr. Benedetta Myat Hnin Nwe,ISR
(Golden Rule)ဆိုတဲ့ ရွှေဥပဒေကို ခရစ်တော်ကသွန်သင်ပေးတယ်။ ဒီသွန်သင်ချက်က ခရစ်ယာန်တွေအတွက်သာမက ဘာသာတိုင်း၊လူသားတိုင်းလိုက်နာကျင့်ကြံရမဲ့ အချက်တချက်ဖြစ်တယ်။ရိုးရိုးလေးပြောမယ်ဆိုရင်လူ့ဘောင်မှာ လိုက်နာရမဲ့ကိုယ်ချင်းစာတရားပဲဖြစ်ပါတယ်။တခါတလေ ကျွန်ုပ်တို့က (Self- Centre) မိမိကိုယ်ကိုပဲ ဗဟိုပြုနေတဲ့အခါ ဒီ (Golden Rule) ကို လိုက်နာဖို့ခက်ခဲတယ်။ အဓိကသူ့ဘက်ကိုယ့်ဘက် နှစ်ဖက်စဥ်စားရမယ်။ ကိုယ်ရယူချင်တာပဲသူတစ်ပါးကိုပေးချင်ရမယ်။ ကိုယ်ကလေးစားမှုခံယူချင်ရင် ကိုယ်လည်းသူများကိုလေးစားရမယ်။ကိုယ်ကခွင့်လွတ်ခြင်းကိုလိုချင်ရင် ကိုယ်လည်းသူတစ်ပါးကိုခွင့်လွှတ်ရမယ်။ ဗုဒ္ဓကပြောတယ်သင်ကိုနာကျင်စေတဲ့အရာကို သင်သိရှိတဲ့အခါ ဒီနာကျင်စေတဲ့အရာတွေနဲ့သူတပါးကိုမထိခိုက်ပါနဲ့ဆိုပြီး စာနာစိတ်ရှိဖို့ သွန်သင်ပေးခဲ့တယ်။ ဒါကြောင့် ခရစ်တော်ရဲ့ တောင်ပေါ်ဒေသနာတရားတော်ရဲ့ နောက်ဆုံးပိုင်မှာ (Golden Rule) ဆိုတဲ့ စာနာတရား အလေးထားပြီး သွန်သင်ပေးခဲ့တယ်။