26.06.2024 - 12th week of Wednesday in Ordinary time
ဇွန်လ ၂၆ ရက်၊ ၂၀၂၄၊ ၁၂ ကြိမ်မြောက်သာမန်ကာလ(ဗုဒ္ဓဟူးနေ့)
Gospel (Mt; 7:15-20)ရှင်မာတေးဦး ၇း၁၅-၂၀
Reflection by Rev.Fr. Thomas Zaw Lwin,OSM
Posted by Sr. Benedetta Myat Hnin Nwe,ISR
ကနဦးအသင်းတော်ရဲ့ အစမှာကတည်းက ပရောဖက်အတု၊ တရားဟောဆရာအတုများပြားခဲ့တယ်။ သူတို့ရဲ့အဓိက ရည်ရွယ်ချက်က ယုံကြည်သူတွေကိုလမ်းကောင်းပြဖို့မဟုတ်ဘဲ သူတို့ကိုသာ စိတ်၀င်စားဖို့နှင့်ငွေရရှိဖို့သာဖြစ်တယ်။ ဒါကြောင့်ခရစ်တော်က ပရောဖက်အတုတွေကို‘’သင်တို့ကသိုးရေကိုခြုံကာ လုယက်စားသောက်တတ်သော ၀ံပုလွေများဖြစ်ကြတယ်။သူတို့ကိုသတိထားပါ’’လို့ပြောထားတယ်။ဒီနေ့ခေတ်မှာလည်း ပရောဖက်အတုတွေ၊တရားဟောဆရာအတုတွေကပေါများနေတယ်။ သူတို့လက်ကကျမ်းစာကိုင်ထားပေမဲ့သူတို့ဟောတဲ့ တရားတွေက ခရစ်တော်အကြောင်းနှင့်ကယ်တင်ခြင်းတရားအကြောင်းမဟုတ်ဘဲ သူတို့ရဲ့အကြောင်းကိုကျော်ကြားမှုရရှိအောင်၊လူတွေအထင်ကြီးအောင်ဟောပြောတယ်။ကျမ်းစာနည်းနည်းလေးသိတာနဲ့အသင်းတော်တခုကိုတည်တောင်ဖို့ငွေရှာကြတယ်။ဒီလိုပရောဖက်အတုတွေကို သတိနဲ့ ရှောင်ရှားပြီး စစ်မှန်တဲ့၊ သန့်ရှင်းတဲ့ ကက်သလစ်အသင်းတော်ရဲ့ အဖွဲ့၀င်များအဖြစ် ရပ်တည်နိုင်ဖို့ ကြိုးစားအားထုတ်ကြမယ်။