27.06.2024 - 12th week of Thursday in Ordinary time
ဇွန်လ ၂၆ ရက်၊ ၂၀၂၄၊ ၁၂ ကြိမ်မြောက်သာမန်ကာလ ကြာသပတေးနေ့
Gospel (Mt; 7:21-29) ရှင်မာတေးဦး ၇း၂၁-၂၉
Reflection by Rev.Fr. Thomas Zaw Lwin,OSM
Posted by Sr. Benedetta Myat Hnin Nwe,ISR
ခရစ်တော်မိန့်ကြားသည်မှာငါ့စကားကိုကြား၍ လိုက်ကျင့်သောသူက ကျောက်ပေါ်၌အိမ်ကို ဆောက်ထားသောပညာရှိနှင့် တူ၏။ ခရစ်ယာန်ဆိုကား ခရစ်တော်နောက်လိုက်သူတွေဖြစ်တဲ့သူတွေက ခရစ်တော်ရဲ့စကားကိုနားထောင်ပြီး လိုက်ကျင့်သောသူတွေဖြစ်တယ်။ ကျင့်ကြံမှုမရှိတဲ့ နာထောင်သူဖြစ်ရုံနှင့်ကျွန်ုပ်တို့က ခရစ်ယာန်မပီသနိုင်ဘူး။ ကျွန်ုပ်တို့တစ်ဦးဆီရဲ့ ခရစ်ယာန်ဘ၀သက်တာအတွက်၊ ယုံကြည်ခြင်းအတွက် ခရစ်တော်ကအခြေခံအုတ်မြစ်ဖြစ်တယ်။(Jn; 15:5)‘’ငါသည် စပျစ်နွှယ်ပင်ဖြစ်၍သင်တို့သည် အကိုင်းအခက်များဖြစ်ကြ၏။’’ပြောထားကာ ဒီလိုမျိုး ကျွန်ုပ်တို့ရဲ့ ဦးခေါင်းဖြစ်တယ်၊ကျွန်ုပ်တို့ရဲ့ အမြစ်ဖြစ်တယ်။ခရစ်တော်နှင့်ပေါင်းစပ်နေရင် မိုးရွာရွာ၊မုန်တိုင်းပဲထန်ထန်ကျွန်ုပ်တို့ရဲ့ဘ၀က ခိုင်ခံ့နေလိမ့်မယ်။ဒါကြောင့်ခရစ်တော်ရဲ့ နှုတ်ကပတ်တော်ကို ကြားရုံသက်သက်မဟုတ်ပဲ၊ကျင့်ကြံအားထုတ်တဲ့ခရစ်ယာန်ဘ၀သက်တာကိုတည်ဆောက်နိုင်ဖို့နှင့် အမည်ခံခရစ်ယာန်ထက် အမှန်ကန်ပုံသက်သေခံ ခရစ်ယာန်တွေဖြစ်ဖို့ ကျေးဇူးတော်ကိုတောင်းခံရင်းနဲ့ ကြိုးစားအားထုတ်ကြပါစို့။