28.06.2024 - 12th week of Friday in Ordinary time
ဇွန်လ ၂၈ ရက်၊ ၂၀၂၄၊ ၁၂ ကြိမ်မြောက်သာမန်ကာလ သောကြာနေ့
Gospel (Mt; 8:1-4) ရှင်မာတေးဦး ၈း၁-၄
Reflection by Rev.Fr. Thomas Zaw Lwin,OSM
Posted by Sr. Benedetta Myat Hnin Nwe,ISR
အရေပြားအနာကြီးရောဂါသည်တွေကို ခရစ်တော်အချိန်မှာ ဂျူးလူမျိုးအသိုင်း၀ိုင်းတွေက အင်မတန်မှအထင်သေးကြတယ်။ မျက်ကွယ်ပြုကြတယ်။ များသောအားဖြင့်အနာကြီးရောဂါခံစားသူတွေကမှဘုရားရှင်းရဲ့ ပြစ်ဒဏ်ခံရချင်လို့ ပြောဆိုပြစ်တင်ရှုပ်ချကြတယ်။သူတို့ဘ၀က လူဖြစ်ရရှုံးသလိုစံတင်ရတယ်။ ဘာဖြစ်လို့လဲဆိုရင်သူတို့က လူသူကင်းတဲ့နေရာမှာ အပယ်ခံတွေလိုနေကြရတယ်။ ဒါပေမဲ့ဒီနေ့ အဲဒီလိုအနာကြီးရောဂါသည်တစ်ဦးက ခရစ်တော်နဲ့တွေ့ဆုံခွင့်ရတဲ့အခါမှာ ဒူးထောက်ပြီးနှိမ့်ချခြင်းနဲ့ခရစ်တော်ကို ချဥ်းကပ်တဲ့အခါ ကျွန်ုပ်တို့ရဲ့ဘုရားရှင်က လက်ခံဖြေရှင်းကုသပေးခဲ့တယ်။ဒီနေ့ ကျွန်ုပ်တို့ဘုရားရှင်းထံကျွန်ုပ်တို့ရဲ့ လိုအပ်ချက်များအတွက် ဘယ်လိုချဥ်ကပ်ကြသလဲ။