29.06.2024 - 12th week of Saturday in Ordinary time
ဇွန်လ ၂၉ ရက်၊ ၂၀၂၄၊ ၁၂ ကြိမ်မြောက်သာမန်ကာလ (စနေနေ့)
(စိန့်ပီတာ၊ စိန့်ပေါလု ပွဲတော်ကြီး) Solemnity of St. Peter and St. Paul, Apostles
Gospel (Matthew 16;13-19) ရှင်မာတေးဦး ၁၆း၁၃-၁၉
Reflection by Rev.Fr. Thomas Zaw Lwin,OSM
Posted by Sr. Benedetta Myat Hnin Nwe,ISR
ကျွန်ုပ်တို့အားလုံးသိကြတဲ့အတိုင်းပဲ ရှင်ပေါလုနှင့်ရှင်ပေထရုတို့က အသင်းတော်ရဲ့(two pillars)ကျောက်တိုင်းကြီး ၂တိုင်လို့ပြောကြတယ်။သူတို့နှစ်ဦးရဲ့ဘ၀သက်တာ၊ သူတို့ရဲ့လုပ်ဆောင်ချက်၊သူတို့ရဲ့ပေးဆပ်မှုတွေက အသင်းတော်ပြန့်ပွားမှုနှင့်ကမ္ဘာအနှံ့ ဧ၀ံဂေလိသတင်းကောင်းရောက်ရှိဖို့ အရေးပါခဲ့တယ်။ သူတို့မရှိပဲအသင်းတော်ရဲ့တိုးတက်မှုကို ကျွန်ုပ်တို့စိတ်ကူးယဥ်လို့ တောင်မရဘူး။ဒီနေ့ဒုတိယ ကျမ်းစာထဲမှာရှင်ပေါလုက ပြောတယ်‘’ငါသည် အသက်ကိုစွန့်ရမည့်အချိန်သို့ရောက်လာပြီ။ ဤလောကမှထွက်ခွာရမည့်အချိန်နီးလာပြီ၊ ငါသည် တိုက်ပွဲကို ကောင်းစွာတိုက်ခဲ့၏။ငါရဲ့ ပြေးပွဲကိုလည်းပြီးအောင် ယှဥ်ပြိုင်ခဲ့၏။ငါရဲ့ယုံကြည်ခြင်းကိုထိန်းသိမ်းခံ၏။ ယခုအခါတွင်ဖြောင့်မတ်ခြင်းသရဖူသည် ငါ့အတွက်အသင့်ရှိနေပြီ။ ရှင်ပေါလုက အသင်းတော်အတွက်သူရှင်သန်ခဲ့တဲ့ဘ၀၊သူပေးဆပ်ခဲ့တဲ့ဘ၀ကို သူကျေနပ်ခဲ့တယ်။သူ့အတွက် ထာ၀ရအသက်ရမယ်ဆိုတာကိုလည်း ယုံကြည်မျှော်လင့်ခဲ့တယ်။ရှင်ပေထရုကို ကြည့်မယ်ဆိုရင် ခရစ်တော်ကိုယ်တိုင် ပေထရုကို (Rock)ကျောက်ဖြစ်တယ်။ အဲဒီကျောက်ပေါ်မှာ ငါရဲ့ အသင်းတော်ကိုတည်ဆောက်မယ် ဆိုပြီးပြောခဲ့တယ်။ ရှင်ပေထရုကလည်း ခရစ်တော်ကို ’’ကိုယ်တော်သည် အသက်ရှင်တော်မူသည့်ဘုရား၏သားတော်ဖြစ်တယ်’’ဆိုပြီးပြောခဲ့တယ်။သေတဲ့အထိသူရဲ့အသက်ကိုပါ ခရစ်တော်အတွက်၊ အသင်းတော်အတွက်ပေးဆပ်ခဲ့တယ်။ကျွန်ုပ်တို့ရဲ့ မွေးဖွားခြင်းက သာမန်(Ordinary)ဖြစ်ပေတယ်။ သေဆုံးခြင်းကသမိုင်း၀င် (Historical) ဖြစ်ရမယ်။ ဒီနေ့ ရှင်ပေထရုနှင့်ရှင်ပေါလုလို ခရစ်တော်အတွက်အသက်ရှင်ဖို့၊ ပေးဆပ်ဖို့အသင့်ရှိပြီလား။