30.06.2024 - 13th week of Sunday in Ordinary time
ဇွန်လ ၃၀ ရက်၊ ၂၀၂၄၊ ၁၃ ကြိမ်မြောက်သာမန်တနင်္ဂနွေနေ့
Gospel (Mark; 5: 21-23) ရှင်မာကု ၅း၂၁-၂၃
Reflection by Rev.Fr. Thomas Zaw Lwin,OSM
Posted by Sr. Benedetta Myat Hnin Nwe,ISR
ကျွန်ုပ်တို့ ကျန်းမာရေးမကောင်းတဲ့အခါ ဆရာ၀န်တွေဆီသွားကြတယ်။ ဆရာ၀န်တွေပေးတဲ့ဆေးတွေကိုသောက်ရင် ငါ့ရောဂါပျောက်မယ်ဆိုတာယုံကြည်ခြင်းရှိမှသာ ရောဂါသက်သာမယ်။ဒီလိုမျိုးပဲ ကျွန်ုပ်တို့ရဲ့ဘ၀ဒုက္ခတွေ၊ ရောဂါတွေ၊ အခက်အခဲတွေကိုရင်ဆိုင်ရတဲ့အခါ ဘုရား ရှင်ထံယုံကြည်ခြင်းနဲ့ ချဥ်းကပ်မှသာ ကုသခြင်းကိုရမယ်။ဒါကြောင့် ဆရာ၀န်တို့ရဲ့ဆရာ၀န်ဖြစ်သူ ခရစ်တော်ကိုယ်တိုင်ပြောတယ်။ ‘’မကျန်းမာသောသူပဲ ဆရာ၀န်အလိုရှိတယ်၊၊ ငါကဖြောင့်မတ်သူတွေအတွက်သာမဟုတ်ဘူး။ အပြစ်သားတွေအတွက်ဆင်းကြွလာတယ်’’ဆိုပြီးပြောခဲ့တယ်။ (Mt; 9:13) ဒီနေ့ဧ၀ံဂေလိကျမ်းစာထဲမှာ ၁၂နှစ်လုံးလုံးသွေးသွန်နာရောဂါခံစားနေရတဲ့အမျိုးသမီးရဲ့နက်ရှိုင်းတဲ့ယုံကြည်ခြင်းက အတုယူစရာပဲ၊၊သူမရဲ့ရောဂါကို ဆရာ၀န်တွေ၊ဆေးဆရာတွေ လက်လွှတ်ခဲ့ကြတယ်။သူမနောက်ဆုံးခရစ်တော်ဘုရားရှင်ကိုတွေ့ဖို့ အခွင့်အရေးကို စောင့်မျှော်နေခဲ့တယ်။ သူမရဲ့ရောဂါကလည်း အမျိုးသမီးရောဂါဖြစ်လို့ သူတစ်ပါးကိုလည်း ပွင့်ပွင့်လင်းလင်းလည်းမပြောနိုင်ခဲ့တဲ့အခြေအနေ၊ ခရစ်တော်ကိုတွေ့တာနဲ့ သူမရဲ့ယုံကြည်ခြင်းက အသက်၀င်လာခဲ့တယ်။ခရစ်တော်ရဲ့၀တ်ရုံကို တို့ထိခဲ့တယ်။သူမရဲ့ ၁၂နှစ်လုံးလုံး ခံစားခဲ့ရတဲ့ ရောဂါကနေ လွတ်မြောက်ခြင်းရခဲ့တယ်။ သင်နှင့်ကျွန်ုပ် ဒီလိုယုံကြည်ခြင်းမျိုးကိုပိုင်ဆိုင်ထားပြီလား။