Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-06-30 05:56:04

1.07.2024 - 13th week of Monday in Ordinary time
ဇူလိုင် ၁ ရက်၊ ၂၀၂၄၊ ၁၃ ကြိမ်မြောက်သာမန်တနင်္လာနေ့  
Gospel (Matthew 8;18-22) ရှင်မာတေးဦး ၈း၁၈-၂၂
Reflection and Posted by Sr. Benedetta Myat Hnin Nwe,ISR

ယေဇူးသည် မိမိအနီးတွင်ဝိုင်းရံလျက်ရှိသော လူအစုအဝေးတို့ကို မြင်လျှင် တစ်ဖက်ကမ်းသို့ကူးသွားရန် အမိန့်ပေးတော်မူ၏။ထိုအခါ ကျမ်းတတ်ဆရာတစ်ဦးသည် အထံတော်သို့ချဉ်းကပ်လာ၍ ဆရာသခင်၊အရှင်ကြွသွားမည့်နေရာတိုင်းသို့ အကျွန်ုပ် လိုက်ပါမည်ဟုကိုယ်တော်အားလျှောက်လေ၏။ ယေဇူးကလည်း မြေခွေးတို့ ၌ တွင်းများ ရှိကြ၏။ ကောင်းကင်ငှက်တို့ ၌ အသိုက်များရှိကြ၏။ လူသား၌ မူကားမိမိ၏ ခေါင်းချစရာနေရာပင်မရှိဟုသူ့အားမိန့်တော်မူ၏။ တပည့်တော်တို့ထဲမှအခြားတစ်ယောက်ကလည်း သခင်၊ပထမဦးစွာသွား၍ အကျွန်ုပ်၏ အဖကို သင်္ဂြိုလ်ပါရစေဟု ကိုယ်တော်အားလျှောက်လေ၏။ သို့သော်ယေဇူးက ငါ့နောက်သို့လိုက်လော့၊လူသေတို့သည် မိမိတို့၏ လူသေများကိုသင်္ဂြိုဟ်ကြပါစေဟု မိန့်တော်မူ၏။ ရှင်မာသေဦး ၈:၁၈-၂၂ **ထောက်ရှုချက်**ငါ့နောက်သို့လိုက်လော့.ဆိုတဲ့ သခင့်ခေါ်သံကြားတိုင်း စိတ်လှုပ်ရှားမိတယ်။ဘာဖြစ်လို့လဲဆိုတော့“သူတော်စင်ဘဝအစ ဤခေါ်သံက”ဖြစ်လို့ပါပဲ။ အစကတော့ အမျိုးမျိုးဘုရားကိုနေ့ရွှေ့ညရွှေ့ မိသားစုအရေး၊မောင်နှမအရေးနဲ့ ချက်ချင်းမလိုက်ချင်ခဲ့ပါဘူး။ဒါပေမဲ့ ‘Come and Follow Me’ဆိုတဲ့ပဲတင်ထပ်သံတွေကြောင့် သူတော်စင်ဘဝ ကိုအဆုံးထိပို့ဆောင်ပေးခဲ့ပါတယ်။ ဒီလိုပါပဲ ဒီနေ့ကျမ်းစာထဲကလို ခရစ်တော်နောက်လိုက်ဖို့လူနှစ်ဦး ဆင်ခြေမှုပေးတတ်ကြသလို့ ခရစ်တော်ကသူ့တပည့်တွေခေါ်ခဲ့တုန်းက ချက်ချင်းတုံ့ပြန်နောက်လိုက်ခဲ့ကြတယ်။ ဒါပေမဲ့ ခရစ်တော်ဒုက္ခနဲ့ ရင်ဆိုင်ရသောအခါမြင်တွေ့ပြီးညင်းပယ် ခဲ့တတ်ကြပါတယ်။ ဒါကြောင့် ခရစ်တော်နောက်လိုက်ယုံကြည်သူဘာသာဝင်၊ သူတော်စင်များအတွက်ဆင်ခြင်ထောက်ရှုစရာတစ်ခု ဖြစ်ပါတယ်။ မိမိတို့ကိုယ်စီခံယူထားသောဘဝကို အကောင်းဆုံးသော ခရစ်တော်နောက်လိုက်ခြင်းဖြစ်ဖို့ ကြိုးစားကြပါစို့။

Daily Reflection