3.07.2024 –13th week of Wednesday in Ordinary time
ဇူလိုင် ၃ ရက်၊ ၂၀၂၄၊ ၁၃ ကြိမ်မြောက်သာမန်ကာလဗုဒ္ဓဟူးနေ့
Gospel (John 20;24-28) ရှင်ယောဟန် ၂၀:၂၄-၂၈
Reflection and Posted by Sr. Benedetta Myat Hnin Nwe,ISR
တစ်ဆယ့်နှစ်ပါးတွင်တစ်ပါးအပါအဝင်ဖြစ်သော ဒီးဒီမုဟုခေါ်သည့် သောမသည်ကား ယေဇူးကြွလာတော်မူသောအချိန်တွင်သူတို့နှင့်အတူမရှိချေ။ သို့ဖြစ်၍ အခြားသောတပည့်တော်တို့က ငါတို့သည်သခင်ဘုရားကိုဖူးမြင်ကြရပြီဟုသူ့အားဆိုကြ၏။သို့သော်သောမ ကိုယ်တော်၏ လက်တော်၌ သံရိုက်ရာကို ငါမမြင်ရလျှင်၊သံရိုက်ရာထဲသို့ ငါ၏လက်ညှိုးကို မသွင်းရလျှင်၊ကိုယ်တော်၏ နံဘေးတော်ကို ငါ၏လက်ဖြင့် မစမ်းသပ်ရလျှင် ငါယုံကြည်လိမ့်မည် မဟုတ်ဟုသူတို့အား ဆိုလေ၏။ ရှစ်ရက်မြောက်သောနေ့ ၌ တပည့်တော်တို့သည်အိမ်အတွင်း ၌တစ်ဖန်စုဝေးလျက် ရှိကြစဉ် သောမသည်လည်း သူတို့နှင့်အတူရှိ၏။ တံခါးများ ပိတ်ထားလျက် ရှိသော်လည်း ယေဇူးသည်ကြွလာပြီးလျှင် သူတို့၏ အလယ်၌ရပ် တော်မူလျက်သင်တို့၌ ငြိမ်းချမ်းသာယာခြင်းရှိပါစေဟုသူတို့အားမိန့်တော်မူ၏။ ထို့နောက် ကိုယ်တော်ကသောမအား သင်၏ လက်ညှိုးကို ဤနေရာ၌သွင်း၍ ငါ၏လက်များကိုကြည့်လော့။သင်၏ လက်ကိုလည်း ဆန့်၍ ငါ၏နံဘေးကိုစမ်းသပ်လော့။ယုံမှားသံသယမဖြစ်လေနှင့်၊ယုံကြည်လော့ဟု မိန့်တော်မူ၏။ သောမကလည်းအကျွန်ုပ်၏သခင်၊အကျွန်ုပ်၏ဘုရားပါတကားဟုကိုယ်တော်အာပြန်၍ လျှောက်လေ၏။ ****ထောက်ရှုချက်***ယုံမှားသံသယဖြစ်ခြင်းသည်အချင်းချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းသော်လည်းကောင်း၊ ချစ်သူအပေါ်၌လည်းကောင်း၊ ကိုယ့်ရဲ့အကြီးအကဲအပေါ်၌လည်းကောင်း၊ အောက်ငယ်သားအပေါ်လည်းကောင်း၊ အလုပ်ရှင်အပေါ်၊အလုပ်သမားအပေါ်၌လည်းကောင်း အထူးသဖြင့် ဘုရားအပေါ်၌ ယုံကြည်ခြင်း(ယုံကြည်စိတ်ချခြင်း)မှေးမှိန်ပျောက်ကွယ် သွားသည့်အထိဖြစ်စေပါသည်။ အချင်းချင်းစိတ်ဝမ်းကွဲကာ မေတ္တာတရားပျောက်ကွယ်သွားသည့် အထိလည်းဖြစ်လာနိုင်သလို စိုးရိမ်လွန်ကဲမှု နှင့် ငါဆိုတဲ့အရာရှေ့တန်းတင်မိရင် လည်းယုံမှားသံသယဖြစ်လာနိုင်ပါသည်။ ထို့ကြောင့် အခွင့်အရေး မဆုံးရှုံးရလေအောင်၊လူတိုင်းနှင့်သင့်မြတ်နေထိုင်နိုင်ရန် ပျော်ရွှင်မှု ပိုင်ဆိုင်ရရှိရန် ယုံမှားသံသယဖြစ်ခြင်းကို သတိပြုကာ ဆင်ခြင်နေထိုင် နိုင်စေရန် ဘုရားရှင်ထံကျေးဇူးတော်ခွန်အား တောင်းခံသွားကြပါစို့။