5.07.2024 –13th week of Friday in Ordinary time
ဇူလိုင် ၅ ရက်၊ ၂၀၂၄၊ ၁၃ ကြိမ်မြောက်သာမန်ကာလ သောကြာနေ့
Gospel (Matthew 9;9-13) ရှင်မာတေးဦး ၉:၉-၁၃
Reflection by Sr. Benedetta Myat Hnin Nwe,ISR
ယေဇူးသည် ထိုနေရာမှကြွသွားစဉ်မာတေးဦးအမည်ရှိသော သူတစ်ယောက်သည် အခွန်ရုံးတွင်ထိုင်နေသည်ကိုမြင်၍ ငါ့နောက်သို့ လိုက်လော့ဟု သူ့အားမိန့်တော်မူ၏။ သူသည်လည်းထ၍ နောက်တော်သို့လိုက်လေ၏။ ကိုယ်တော်သည် အိမ်တွင် စားပွဲ၌ထိုင်နေတော်မူစဉ် များစွာသောအခွန်ခံသူတို့ နှင့် အပြစ်ရှိသူတို့သည် လာကြ၍ တပည့်တော်တို့ နှင့်တကွ ယေဇူးနှင့်အတူထိုင်ကြလေ၏။ ထိုအခါ ဖာရီဇေးဦးတို့သည် ဤအခြင်းအရာကိုမြင်ကြလျှင်သင်တို့၏ဆရာသည် အဘယ်ကြောင့်အခွန်ခံသူများ၊အပြစ်ရှိသူများနှင့်အတူစားသောက်ပါသနည်းဟုတပည့်တော်တို့အား ဆိုကြ၏။ သို့ရာတွင် ထိုစကားကို ကိုယ်တော်ကြားတော်မူသောအခါ သူတို့အားမိန့်တော်မူသည်ကား ကျန်းမာသောသူတို့သည် ဆေးဆရာမလိုအပ်၊ဖျားနာသော သူတို့သာလျှင် လိုအပ်၏။ ငါအလိုရှိသည်ကား ယဇ်ပူဇော် ခြင်းမဟုတ် ၊ ကရုဏာသနားခြင်းသာဖြစ် ၏ ဟူသောကျမ်းစကားသည် မည်သည့်အရာကို ဆိုလိုကြောင်း သွား၍ သင်ယူကြလော့။ အကြောင်းမူကား ဖြောင့်မတ်သော သူတို့ကို ခေါ် ရန်ငါလာသည် မဟုတ်၊ အပြစ်ရှိသော သူတို့ကို ခေါ်ရန်သာငါလာသည် ဟု မိန့် တော်မူ၏။***ထောက်ရှုချက်*** “ငါအလိုရှိသည်ကား ယဇ်ပူဇော် ခြင်းမဟုတ် ၊ ကရုဏာသနားခြင်းသာဖြစ်၏” ဟူသောကျမ်းစကားသည် ခွန်အားယူစရာအချက်ဖြစ်သည်။ များစွာသောပေးကမ်းစွန့်ကြဲခြင်းနှင့် အလှူဓါန ပေးကမ်းနိုင်ပါသော်လည်း ချစ်ခြင်း၊ ကရုဏာသနားခြင်းမပါလျှင် ကုသိုလ်ဓါန ရရှိမှူနည်းပါနေမည်ကို သတိပြုဆင်ခြင်စရာတစ်ခုဖြစ်ပါသည်။ ရှင်မာတေးဦးကဲ့သို့ သူ့ဘဝကို ရက်ရောစွာ ဘုရားအတွက်ပေးကမ်းခြင်း နှင့် အဆင်သင့်ရှိဖို့ လိုအပ်သောဆုကျေးဇူးကိုတောင်းခံသွားကြပါစို့။