7.7.2024 - 14th Sunday in Ordinary time
ဇူလိုင် ၇ ရက်၊ ၂၀၂၄၊ ၁၄ ကြိမ်မြောက်သာမန် တနင်္ဂနွေနေ့
Gospel (Mark 6:1-6) ရှင်မာကု ၆: ၁-၆
Reflection and Posted by Sr. Benedetta Myat Hnin Nwe,ISR
ကိုယ်တော်သည် ထိုအရပ်မှထွက်ခွာတော်မူ၍မိမိ၏နေရင်းမြို့သို့ကြွလာတော်မူ၏။တပည့်တော်တို့သည်လည်း ကိုယ်တော်၏ နောက်တော်မှလိုက်ပါလာကြ၏။ ဥပုသ်နေ့၌ကိုယ်တော်သည် တရားဇရပ်တွင်သွန်သင်တော်မူ၍ များစွာသောသူတို့သည်ကိုယ်တော်၏သွန်သင်ချက်ကိုကြားကြသောအခါ အလွန်အံ့ဩကြကုန်၏။သူတို့ကသူသည် ဤပညာအလုံးစုံကို အဘယ်ကရသနည်း။ သူရရှိထားသောဉာဏ်ပညာမှာ မည်သည့်အရာဖြစ်သနည်း။ သူ၏လက်ဖြင့်ပြုသောအံ့ဖွယ်အမှုများကားအဘယ်သို့ နည်း။ သူသည်မာရိယာ၏သားဖြစ်၍ယာကုပ်၊ဂျိုးဇက်၊ဂျုဒနှင့်စီမွန်တို့၏ အစ်ကိုလက်သမားမဟုတ်လော။သူ၏ နှမများသည်လည်းဤအရပ်တွင် ငါတို့ နှင့် အတူရှိကြသည်မဟုတ်လောဟု ဆိုကြ၍ကိုယ်တော်ကိုလက်မခံကြချေ။ ထိုအခါကိုယ်တော်သည်လည်းမကျန်းမာသောသူအနည်းငယ်အပေါ်တွင် မိမိ၏လက်တော်ကိုတင်၍ ကုသပျောက်ကင်းစေခြင်းမှတစ်ပါး ထိုအရပ်၌ မည်သည့်တန်ခိုး လက္ခဏာကိုမျှပြတော်မမူ။ ကိုယ်တော်သည် ထိုသူတို့၏ယုံကြည်ခြင်းကင်းမဲ့မှုကိုအံ့ဩတော်မူ၏။ ထို့ကြောင့်ကိုယ်တော်သည် အနီးအနား၌ရှိသောရွာများတွင်လှည့်လည်၍သွန်သင်တော်မူလေ၏။**ထောက်ရှုချက် ** ယေဇူးက ပရောဖက်သည် မိမိမြို့၊ မိမိအိမ်နှင့် မိမိဆွေမျိုးရှိရာ အရပ်မှတစ်ပါး အခြားသောအရပ်၌ ဂုဏ်အသရေမဲ့သည်ဟူ၍မရှိဟု သူတို့အားမိန့် တော်မူ၏။ ခရစ်တော်ကိုယ်တိုင်ရင်ဆိုကြံတွေ့နေရသော မိမိတန်ခိုးလက္ခဏာ ထင်ရှား ပြသပေါ်လွင်ခြင်းကို မိမိပတ်ဝန်းကျင်မှအထင်သေးစကားပြောဆိုခြင်း ခံရသည်။ အကောင်းမမြင် တတ်သူတို့အဖို့ပတ်ဝန်ကျင်တွင် သူ့အတွက်ဘာတစ်ခုမျှ အကောင်းမရှိပါ။ သို့အတွက်ကြောင့် သူတို့လည်းရရှိသင့်မည့် ကျေးဇူးတော်လည်း ခံစားရမည်မဟုတ်ပါ။မိမိတို့နီးစပ်သူ၊ မြို့၊ ရွာ၊ပတ်န်းကျင်က အရေးပေးမခံရ၊ ဂုဏ်သရေမဲ့သော်လည်း အခြားသောအရပ်၊တခြားသောသူတွေ အတွက်ဂုဏ်သရေ ရှိပြီးသားဖြစ်ပါသည်။ ဘုရား၏ချစ်ခြင်းမေတ္တာကြီးမားကြောင်းကို သားတော်ဘုရား အားဖြင့်သိခွင့်၊ ခံစားခွင့်ရခဲ့ပါသည်။ ခရစ်တော်ပြုလုပ်ခဲ့သော တန်ခိုးလက္ခဏာများကို သက်ဝင်ယုံကြည်ကြပါစို့။ မိမိတို့ဟည်လည်း အထင်သေးခံရသောအခါ အနှိမ်ခံရသောအခါသခင်ခရစ်တော်ကိုသတိရ ခွန်အားယူကြပါစို့။