Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-07-07 04:57:02

8.7.2024 –14th Monday in Ordinary time
ဇူလိုင် ၈ ရက်၊ ၂၀၂၄၊ ၁၄ ကြိမ်မြောက်သာမန်ကာလ တနင်္လာနေ့  
Gospel Mt.9;18-26- ရှင်မာသေဦး ၉: ၁၈--၂၆
Reflection by Sr. Benedetta Myat Hnin Nwe,ISR

ကိုယ်တော်သည် သူတို့အား ထိုသို့မိန့်တော်မူစဉ်အရာရှိတစ်ယောက်သည် အထံတော်သို့ချဉ်းကပ်၍ ရှေ့တော်၌ ပျပ်ဝပ်လျက်အကျွန်ုပ်၏ သမီးသည် ယခုပင်သေဆုံးသွားပါပြီ၊ သို့သော် ကိုယ်တော်ကြွလာတော်မူ၍ သူမအပေါ် ၌ ကိုယ်တော်၏ လက်တော်ကိုတင်တော်မူပါလျှင် သူမသည် အသက်ပြန်ရှင်လာပါလိမ့်မည်ဟုလျှောက်ထားလေ၏။ ယေဇူးသည်လည်းထ၍ တပည့်တော်တို့ နှင့်အတူထိုသူ၏ နောက်သို့လိုက်တော်မူ၏။ ထိုအခါတစ်ဆယ့်နှစ်နှစ်ပတ်လုံး သွေးသွန်နာစွဲကပ်နေသော အမျိုးသမီး တစ်ယောက်သည် ကိုယ်တော်၏ နောက်မှချဉ်းကပ်၍ ဝတ်ရုံတော်၏ အနားစကိုတို့လေ၏။ အကြောင်းမူကား သူမကငါသည် ကိုယ်တော်၏ဝတ်ရုံတော်ကိုသာ တို့ထိရပါလျှင်ကျန်းမာလာလိမ့်မည်ဟု မိမိစိတ်ထဲတွင်ဆိုသောကြောင့်ဖြစ်၏။ယေဇူးသည်လှည့်၍ကြည့်တော်မူလျှင်သူမကိုမြင်သဖြင့်သမီး၊အားမငယ်နှင့်၊သင်၏ယုံကြည်ခြင်းသည် သင့်ကိုကျန်းမာစေပြီဟုမိန့်တော်မူ၏။ ထိုအချိန်နာရီမှစ၍ ထိုအမျိုးသမီးသည် ရောဂါပျောက်ကင်းသွားလေ၏။ ယေဇူးသည်အရာရှိ၏ အိမ်သို့ ရောက်သောအခါ တီးမှုတ်သောသူများနှင့်အတူ အုတ်အုတ်ကျက်ကျက်ဖြစ်နေသော လူပရိသတ်ကိုမြင်တော်မူ၏။ ထိုအခါ ကိုယ်တော်က နောက်ဆုတ်ကြလော့၊သူငယ်မသည်သေသည် မဟုတ်၊ အိပ်ပျော်လျက်သာရှိသည် ဟု မိန့်တော်မူလျှင် ထိုသူတို့သည်ကိုယ်တော့်ကို လှောင်ပြောင်ရယ်မောကြ၏။ သို့သော် လူအစုအဝေး တို့ကို အပြင်ဘက်သို့ ထွက်စေပြီးသောအခါ ကိုယ်တော်သည် အခန်းတွင်းသို့ဝင်၍ သူငယ်မကို လက်မှကိုင်လျက် ထူမတော်မူ၏။ ထိုအခါ သူငယ်မသည်ထလေ၏။ဤသတင်းသည်လည်း ထိုဒေသအတွင်းပျံ့နှံ့သွားလေ၏။***ထောက်ရှုချက်***မိမိတို့၏ ယုံကြည်ခြင်းသည် ခရစ်တော်အပေါ်သာ တကယ်ယုံကြည်စွာနှင့်တမ်းတရုံ၊တို့ထိရုံဖြင့်အမှန်တကယ်ခံစားရသောဝေဒနာ သက်သာပျောက်ကင်းသည်ကို မျက်မြင်တွေ့ရှိခဲ့ရသည်။ ထိုနည်းတူ ခရစ်တော်သည် မိမိတို့ကို အားမငယ်နှင့် စိတ်ပျက်အားလျော့ခြင်းမရှိနှင့် သင့်ယုံကြည်ခြင်းသည် သင့်ကိုကျန်းမာစေပြီ ဟုအမြဲအားပေးနေပါသည်။ ခရစ်တော်ကိုဆက်လက်အားကိုးယုံကြည်ကြပါစို့။

Daily Reflection