9.7.2024 –14th Tuesday in Ordinary time
ဇူလိုင် ၉ ရက်၊ ၂၀၂၄၊ ၁၄ ကြိမ်မြောက်သာမန်ကာလ အင်္ဂါနေ့
Gospel Mt.9;32-38- ရှင်မာတေးဦး ၉: ၃၂-၃၈
Reflection by Sr. Benedetta Myat Hnin Nwe,ISR
ထိုသူတို့ထွက်သွားကြပြီးနောက်၊နတ်ဆိုးစီးခံရ၍ဆွံ့အနေသောသူတစ်ဦးကိုလူတို့သည် အထံတော်သို့ခေါ်ဆောင်ခဲ့ကြပြီး၊နတ်ဆိုးကိုနှင်ထုတ်သောအခါတွင်ဆွံ့အသောသူသည် စကားပြောလေ၏။လူအစုအဝေးသည်လည်း လွန်စွာအံ့ဩကြလျက် ဤကဲ့သို့အဖြစ်အပျက်မျိုးကိုအစ္စရာအဲလ်ပြည်၌ တစ်ခါမျှမမြင်ဖူးပါဟု ဆိုကြ၏။ ဖာရီဇေးဦးတို့မူကားသူသည်နတ်ဆိုးတို့၏ အကြီးအကဲကိုအမှီပြု၍ နတ်ဆိုးများကိုနှင်ထုတ်သည်ဟုဆိုကြ၏။ယေဇူးသည်မြို့ရွာရှိသမျှတို့ကိုလှည့်လှည်ကာ၎င်းတို့၏တရားဇရပ်များတွင် သွန်သင်တော်မူ၍နိုင်ငံတော်၏သတင်းကောင်းကို ဟောကြားလျက် အနာရောဂါအမျိုးမျိုးတို့ကို ပျောက်ကင်းစေတော်မူ၏။ ကိုယ်တော်သည်လူအစုအဝေးတို့ကို မြင်တော်မူသောအခါသူတို့အပေါ်ကရုဏာသက်တော်မူလေ၏။အကြောင်းမူကား ထိုသူတို့သည်သိုးထိန်းမရှိသော သိုးများကဲ့သို့အားကိုးရာမဲ့၍ပူပင်သောကရောက်နေကြ သောကြောင့်ဖြစ်၏။ ထိုအခါ ကိုယ်တော်က အသီးအနှံရိတ်သိမ်းစရာများစွာရှိ၏။ လုပ်ဆောင်သောသူတို့မူကား နည်းပါးကြ၏။ ထို့ကြောင့် လုပ်ဆောင်သောသူတို့ကိုမိမိ၏ လယ်ကွင်းသို့စေလွှတ်တော်မူမည့်အကြောင်း လယ်ပိုင်ရှင်ထံသို့တောင်းလျှောက်ကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူ၏။***ထောက်ရှုချက်*** ကိုယ်တော်၏သွန်သင်တော်မူခြင်း၊ ရောဂါများကုသ ပျောက်ကင်းခြင်း၊ တန်ခိုးလက္ခဏာပြသခြင်း စသည့်အောင်မြင်မှုရှိခြင်းတို့ကို ဖာရီရှဲတို့မှ အကောင်းမမြင်၊ အကောင်းမပြော၊အသိအမှတ်မပြုဆန့်ကျင်မှုတွေသာ တိုက်ခိုက်နေကြသည်။ ခရစ်တော်ရင်ဆိုင်နေရပါသော်လည်း အောင်မြင်မှုနှင့်သာရရှိခဲ့သည် ကိုအားလုံးအသိပင်ဖြစ်သည်။ သို့အတွက်ကြောင့်ခရစ်တော် ဖိတ်ခေါ်နေသည်မှာ ကိုယ်တော်က အသီးအနှံရိတ်သိမ်းစရာများစွာရှိ၏။ လုပ်ဆောင်သော သူတို့မူကားနည်းပါးကြ၏။ ဆိုသည့်အတိုင်း အထူးအကူအညီ လိုအပ်နေသူများအတွက်၊ အခက်ခဲကြုံတွေ့ နေရသူများအတွက်ဘုရားအလိုတော်အတွက် လုပ်ဆောင်စရာများစွာရှိနေသောကြောင့် ကျွန်ုပ်တို့တစ်ဦးစီကိုဘုရားအလိုရှိပါသည်။ မိမတို့တတ်နိုင်သည့်နည်းလမ်းဖြင့်ပါဝင်ဆက်အပ်လုပ်ဆောင်နိုင်ကြရန် ဘုရားရှင်ထံဆုတောင်းခွန်အားယူကြပါစို့။