Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-07-10 07:58:51

11.7.2024 –14th Week in Ordinary time Thursday
St. Benedict
ဇူလိုင် ၁၁ ရက်၊ ၂၀၂၄၊ ၁၄ ကြိမ်မြောက်သာမန်ကာလ ကြာသပတေးနေ့  
Gospel Mt.10:7-15- ရှင်မာတေးဦး ၁၀: ၇-၁၅
Reflection by Sr. Benedetta Myat Hnin Nwe,ISR

သင်တို့သွားကြစဉ် ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီဟု ဟောပြောကြလော့။ ဖျားနာသောသူ ကို ကုသပေးကြလော့။ သေသော သူတို့ကိုပြန်ရှင်စေကြလော့။ အနာကြီးရောဂါသည်တို့ကိုစင်ကြယ်ပျောက်ကင်းစေကြလော့။ နတ်ဆိုးများကိုနှင်ထုတ်ကြလော့။သင်တို့သည် အဖိုးအခမပေးဘဲ ခံယူရရှိကြသည်ဖြစ်၍ အဖိုးအခမယူဘဲပေးကမ်းကြလော့။သင်တို့၏ခါးပိုက်ဆောင်အိတ်၌ ရွှေ၊ငွေ နှင့်ကြေးနီပြားတို့ကိုလည်းကောင်း၊ လမ်းခရီးအတွက် လွယ်အိတ်၊ဝတ်ရုံနှစ်ထည်၊ဖိနပ်နှင့်တောင်ဝှေးတို့ကိုလည်းကောင်း သယ်ဆောင်မသွားကြနှင့်။ အကြောင်း မူကား အလုပ်လုပ်သောသူသည် မိမိနှင့်ထိုက်သင့်သောရိက္ခာကို ရထိုက်၏။ မည်သည့်မြို့ရွာသို့မဆို သင်တို့ဝင်ကြသောအခါ ထိုအရပ်၌ ယုံကြည်လေးစားထိုက်သူကိုမေးမြန်းရှာဖွေ၍ သင်တို့အခြားအရပ်သို့ ထွက်ခွာမသွားမချင်းထိုသူနှင့်အတူနေထိုင်ြကလော့။ အိမ်သို့ဝင်သော အခါ ဤအိမ်၌ ငြိမ်းချမ်းသာယာခြင်း ရှိပါစေဟုနှုတ်ဆက်ကြလော့။ အကယ်၍ ထိုအိမ်ထောင်စု သည် ခံစားထိုက်လျှင် သင်တို့၏ ငြိမ်းချမ်းခြင်းမင်္ဂလာသည် သူတို့အပေါ် သို့ သက်ရောက်လိမ့်မည်။ ထိုသူတို့မခံစားထိုက်လျှင်မူကား ထိုငြိမ်းချမ်းခြင်း မင်္ဂလာ သည် သင်တို့ထံသို့ ပြန်လာလိမ့်မည်။ အကြင်သူသည် သင်တို့ကို လက်မခံသည့်အပြင် သင်တို့၏စကားကိုလည်း နားမထောင်ပါကထိုအိမ်၊သို့မဟုတ် ထိုမြို့မှထွက်ခွာသွားလျက် သင်တို့၏ ခြေမှမြေမှုန့်ကို ခါချပစ်ခဲ့ကြလော့။ သင်တို့အား ငါအမှန်ဆိုသည်ကား တရားစီရင်တော်မူရာနေ့ ၌ ဆောဒိုမာမြို့ နှင့် ဂေါ်မောရာမြို့တို့သည် ထိုမြို့ထက်ပို၍ ခံသာကြလိမ့်မည်။***ထောက်ရှုချက်*** အလုပ်လုပ်သောသူသည် မိမိနှင့်ထိုက်သင့်သောရိက္ခာကို ရထိုက်၏။ ကိုယ်တော်၏ နှုတ်တော်ထွက်စကားမှ ခွန်အားရရှိပါသည်။ ဘုရားအလိုတော်ဆောင်ရွက်ခြင်းသည် တနေ့သော ကောင်းကင်ဆုလဒ်ရရှိမည်မှာ အမှန်ပင်ဖြစ်သည်။ ဘုရားပေးထားသောကျေးဇူးတော်များကို အကောင်းဆုံး အသုံးပြုဖို့ လိုအပ်ပါသည်။ လူများကို မေတ္တာများပေးခြင်း၊ နှုတ်ဆက်စကားပြောဆိုကာ ငြိမ်းချမ်းမှုပေးဝေခြင်းသည် အရှုံးမရှိ ကိုယ့်အတွက်အမြတ်သာ ကျန်မည်ဖြစ်သည်။ ကိုယ်ပေးသောမေတ္တာကို ပြန်မတုံ့ပြန်ခြင်း၊ အရေးမလုပ် လျစ်လျူရှုခြင်း ခံရလျှင်လည်း ဝမ်းနည်းစရာမလိုပေ။ ခရစ်‌တော်သည် ကျွန်ုပ်တို့ကို အစဥ်အမြဲအလေးပေး ချစ်မြတ်နိုးပါသည်။

Daily Reflection