Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-07-16 09:53:58

17.07.2024 - 15th week of Wednesday in Ordinary time
ဇူလိုင် ၁၇ ရက်၊ ၂၀၂၄၊ ၁၅ ကြိမ်မြောက်သာမန်ကာလ ဗုဒ္ဓဟူးနေ့  
St. Leo IV
Gospel (Matthew  11;25-27) ရှင်မာတေးဦး ၁၁:၂၅-၂၇
Reflection and Posted by Sr. Benedetta Myat Hnin Nwe,ISR

ထိုအချိန်ကာလ၌ ယေဇူးမိန့်တော်မူသည်ကားကောင်းကင်နှင့်ကမ္ဘာမြေကြီးကိုအစိုးရတော်မူသောအဖ၊ ကိုယ်တော်သည်ပညာရှိသူတို့အားဤအရာများကို ထိမ်ဝှက်ထားတော်မူလျက် ငယ်ရွယ်သူတို့အားဖော်ပြတော်မူသည်ဖြစ်၍ ကျေးဇူးတော်ကိုအကျွန်ုပ် ချီးမွမ်းပါ၏။ မှန်ပါ၏ အဖ၊ ဤသည်ကား ကိုယ်တော်၏မြတ်သောအလိုတော်ပေတည်းဟုဆိုပြီးမှ၊ ငါ၏ခမည်းတော်သည် ခပ်သိမ်းသောအရာတို့ကို ငါ့အားလွှဲအပ်တော်မူပြီ။ ခမည်းတော်မှတစ်ပါး မည်သူကမျှသားတော်ကိုမသိ၊ခမည်းတော်ကိုလည်း သားတော်နှင့်သားတော်ဖော်ပြလိုသောသူများ မှတစ်ပါးအခြားမည်သူမျှမသိ။ထောက်ရှုချက်**ယနေ့ဧဝံဂေလိတရားသည် ယေဇူး၏ဆုတောင်းခြင်း၏ ထင်ရှားသောရှုထောင့်နှစ်ခုကို အလင်းပေးသည်။ ခရစ်တော်သည် ခမည်းတော်၏ကရုဏာတော်များစွာကို သိရှိသောကြောင့်ခမည်းတော်အား ကျေးဇူးတော်ချီးမွမ်းခြင်းဖြင့် သူ၏ဆုတောင်းခြင်းကို စတင်ခဲ့သည်။ ကျွန်ုပ်တို့၏အသက်တာတွင် ကျေးဇူးတင်ခြင်းအားဖြင့် ဘုရားကိုသက်သေခံသောအခါ ကျွန်ုပ်တို့၏နှလုံးသားမှထွက်ပေါ်လာခြင်းဖြစ်သည်။ ဘုရားသခင်သည် သူ၏သားတော်အားဖြင့် ကျွန်ုပ်တို့နှင့်ဆက်သွယ်လိုသမျှကိုဘုရားသခင်ရှေ့တော်တွင် ပွင့်ပွင့်လင်းလင်းရှိစေမည်။ ဘုရားသခင်ကိုသိရန်မှာကလေးလေးကဲ့သို့ပင်၊ လုံးဝယုံကြည်စိတ်ချမှုအပြည့်ဖြင့်သူ့ထံချဉ်းကပ်ပါ။ကျွန်ုပ်တို့သည် ဘုရားသခင်အကြောင်းတစ်စိတ်တစ်ပိုင်းသိနိုင်သော်လည်း ကျွန်ုပ်တို့သည်ကိုယ်တော်နှင့်အမှန်တကယ်ရင်းနှီးသော အတွေ့အကြုံရှိပါသလား။

Daily Reflection