Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-07-17 07:07:54

18.07.2024 - 15th week of Thursday in Ordinary time
ဇူလိုင် ၁၈ ရက်၊ ၂၀၂၄၊ ၁၅ ကြိမ်မြောက်သာမန်ကာလ ကြာသပတေးနေ့  
Gospel (Matthew 11: 28-30) ရှင်မာတေးဦး ၁၁း၂၈-၃၀
Reflection and Posted by Sr. Benedetta Myat Hnin Nwe,ISR

ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည် သင်တို့ကိုအားဖြည့်ပေးမည်။ ငါ၏ ထမ်းပိုးကိုယူ၍ထမ်းလျက် ငါ့ထံမှသင်ယူကြလော့။ အကြောင်းမူကား ငါသည် သိမ်မွေ့ ၍နှိမ့်ချသောစိတ်နှလုံးရှိ၏။ သင်တို့၏စိတ်ဝိညာဉ်သည်လည်း သက်သာရာရလိမ့်မည်။ အကြောင်းမူကား ငါ၏ထမ်းပိုးသည် ထမ်းလွယ်၏။ ငါ၏ဝန်သည်လည်းပေါ့၏ဟု မိန့်တော်မူ၏။ရှင်မာသေဦး ၁၁:၂၈-၃၀***ထောက်ရှုချက်***ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့၊ငါ့ထံသို့ လာကြလော့။ ဤကျမ်းချက်အားဖြင့် ကျွန်ုပ်တို့ခွန်အားများစွာရရှိစေပါသည်။ ကွန်ုပ်တို့သည် အခါအားလျော်စွာ ဘုရားကိုမေ့ထားတတ်ကြပါသော်လည်း ကွန်ုပ်တို့ကိုဘုရားမမေ့ထားကြောင်း ခွန်အားပေးနေကြောင်း၊ အနားတွင်အမြဲရှိနေကြောင်း ပြန်လည်သတိရဖို့ဖြစ်သည်။ နှိမ့်ချသောစိတ်ဖြင့်အရာရာကို ဘုရားသခင်အားမျက်မှောက်ပြုကာ ဆောင်ရွက်လေသမျှသည် ပင်ပန်းနွမ်းနယ်ခြင်းမှကင်းဝေမည်အမှန်ပင်ဖြစ်သည်။ ခရစ်တော်သခင်ထံ ခွန်အားယူ၊သင်ယူကာ လျှောက်လှမ်းကြပါစို့။

Daily Reflection