21.07.2024 - 16th week of Sunday in Ordinary time
ဇူလိုင် ၂၁ ရက်၊ ၂၀၂၄၊ ၁၆ ကြိမ်မြောက်သာမန်ကာလ တနင်္ဂနွေနေ့
Gospel (Mark 6;30-34) ရှင်မာကု ၆:၃၀-၃၄
Reflection by Sr. Benedetta Myat Hnin Nwe,ISR
တပည့်တော်တို့သည် ယေဇူးထံသို့ ပြန်လာကြ၍မိမိတို့ ပြုလုပ်ခဲ့သမျှနှင့်သွန်သင်ခဲ့သမျှတို့ကို ကိုယ်တော်အားလျှောက်ထားကြ၏။ ကိုယ်တော်ကလည်း လူသူကင်းဝေးရာအရပ်သို့အခြားသူများမပါဘဲသွားကြ၍ ခေတ္တအနားယူကြလော့ဟုသူတို့အားမိန့်တော်မူ၏။ အကြောင်းမူကား သူတို့ထံဝင်ထွက်နေကြသော သူတို့မှာများပြားလှသောကြောင့် တပည့်တော်တို့သည်အစာစားရန်ပင် အချိန်မရကြချေ။ ထို့ကြောင့်သူတို့သည် လူသူကင်းဝေးရာအရပ်သို့ လှေဖြင့်မိမိတို့ ချည်းသာထွက်ခွာသွားကြ၏။ သူတို့ထွက်ခွာသွားကြသည်ကိုလူအများမြင်ကြလျှင် သူတို့ဖြစ်မှန်းသိကြသဖြင့်မြို့ရွာရှိသမျှတို့မှလူတို့သည် ခြေကျင်ဖြင့်အလျင်အမြန်လိုက်ကြရာ ထိုနေရာသို့သူတို့ထက်ဦးစွာရောက်နှင့်ကြလေ၏။ ကိုယ်တော်သည်ကမ်းပေါ်သို့တက်သောအခါများစွာသောလူအစုအဝေးကိုမြင်သဖြင့်သူတို့အပေါ် ၌ကရုဏာသက်တော်မူ၏။ အကြောင်းမူကား သူတို့သည်သိုးထိန်းမရှိသောသိုးများကဲ့သို့ ဖြစ်နေကြသောကြောင့်တည်း။ ကိုယ်တော်သည်လည်းသူတို့အားများစွာသော အကြောင်းအရာများကိုစတင်သွန်သင်တော်မူ၏။ ***ထောက်ရှုချက်***ခရစ်တော်ကို လိုက်လံရှာဖွေသောသူများကဲ့သို့ယုံကြည်ခြင်းကိုသာ ဦးတည်ရှာဖွေဖိုလိုအပ်ပါသည်။ စွန့်လွတ်အနစ်နာခံခြင်း၊ ကြိုးစားအားထုတ်ခြင်း နှင့်အတူလက်တွေ့ပါသော ယုံကြည်ခြင်း၊မိမိတို့၏ အပြေအဆို၊အပြုအမူ၊အနေအထိုင်အားဖြင့် ခရစ်တော်ကိုသက်သေခံဖို့ ၊ရှာဖွေဖို့၊ ချစ်မြတ်နိုးဖို့ အထူးလိုအပ်ပါသည်။ သို့မှသာလျှင် ခရစ်တော်၏ သနားကရုဏာတော်၊ကောင်းချီးမင်္ဂလာတော် ပြည့်ဝစွာရရှိခံစားရမည်ဖြစ်သည်။