Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-07-22 01:49:47

23.07.2024 - 16th week of Tuesday in Ordinary time
ဇူလိုင် ၂၃ ရက်၊ ၂၀၂၄၊ ၁၆ ကြိမ်မြောက်သာမန်ကာလ အင်္ဂါနေ့  
Gospel (Matthew 12: 46-50) ရှင်မာတေးဦး ၁၂း၄၆-၅၀
Reflection by Sr. Benedetta Myat Hnin Nwe,ISR

ကိုယ်တော်သည် လူအစုအဝေးကိုဟောပြောနေတော်မူစဉ် ကိုယ်တော်၏ မယ်တော်နှင့်ညီအစ်ကိုတို့သည် ကိုယ်တော်နှင့်စကားပြောလို၍ အပြင်တွင်ရပ်နေကြ၏။ ထိုအခါ လူတစ်ဦးက ကိုယ်တော်၏မယ်တော်နှင့်ညီအစ်ကိုတို့သည် ကိုယ်တော်နှင့်စကားပြောလို၍ အပြင်ဘက်၌ ရပ်နေကြပါသည် ဟုလျှောက်လေ၏။ သို့သော် ကိုယ်တော်ကငါ၏ အမိနှင့်ငါ၏ ညီအစ်ကိုများကား မည်သူတို့နည်းဟု မိမိအားပြောသောသူကိုမေးတော်မူပြီးလျှင်၊ တပည့်တော်များဘက်သို့ မိမိလက်တော်ကို ဆန့်တန်းလျက် ဤသူတို့ကားငါ၏ အမိနှင့်ငါ့ ညီအစ်ကိုများ ပေတည်း။ အကြောင်းမူကား ကောင်းကင်ဘုံ၌ ရှိတော်မူသောငါ့ခမည်းတော်၏ အလိုတော်ကိုဆောင်ရွက်သောသူဟူသမျှသည် ငါ၏ ညီအစ်ကို၊ငါ၏နှမနှင့်ငါ၏ အမိဖြစ်သတည်းဟု မိန့်တော်မူ၏။**ထောက်ရှုချက်**ခရစ်တော်သခင်သည် သူ့မိသားစုမိခင်မောင်နှမများ ငြင်းပယ်ခြင်း မဟုတ်ပဲဘုရားရှင်၏ ကြီးမားဆုံးသောချစ်ခြင်းမေတ္တာပေါင်းစည်းထားသောဘုရား၏ မိသားစုမှလာကြောင်း ဖေါ်ပြခြင်းဖြစ်သည်။ ထို့အတွက်ကြောင့် ဘုရားအလိုတော်ကိုဆောင်ရွက်သောသူဟူသမျှ ခရစ်တော်ဘုရား၏ မိခင်၊ ညီအစ်ကို၊ မောင်နှမများ ဖြစ်ကြောင်းကို ပြန်လည်သတိရစေကာ ဆောင်ရွက်လေသမျှ မိမိတို့အလိုဆန္ဒထက် ဘုရား၏အလိုတော်ကို အကောင်းဆုံးဆောင်ရွက်နိုင်ရန် ဆုတောင်းကာကြိုးစားကြပါစို့။

Daily Reflection