24.07.2024 - 16th week of Wednsday in Ordinary time
ဇူလိုင် ၂၄ရက်၊ ၂၀၂၄၊ ၁၆ ကြိမ်မြောက်သာမန်ကာလ ဗုဒ္ဓဟူးနေ့
Gospel (Matthew 13: 1-9) ရှင်မာတေးဦး ၁၃း၁-၉
Reflection Posted by Sr. Benedetta Myat Hnin Nwe,ISR
ထိုနေ့ ၌ ယေဇူးသည် အိမ်မှထွက်လာပြီးလျှင်ပင်လယ်ကမ်းခြေအနီး၌ ထိုင်နေတော်မူ၏။ ထိုအခါများစွာသောလူအစုအဝေးတို့သည် အထံတော်သို့လာကြသောကြောင့် ကိုယ်တော်သည် လှေပေါ် သို့တက်၍ထိုင်တော်မူ၏။ လူအပေါင်းတို့သည်ကား ကမ်းခြေတွင်ရပ်နေကြ၏။ ကိုယ်တော်သည် ထိုသူတို့အား အကြောင်းအရာများစွာတို့ကို ပုံဥပမာများဖြင့်သွန်သင်တော်မူလျက် ဆိုသည်မှာမျိုးကြဲသူ တစ်ယောက်သည် မျိုးစေ့ကြဲအံ့သောငှာထွက်သွားလေ၏။ သူသည် မျိုးစေ့ကြဲရာတွင် အချို့သောမျိုးစေ့တို့သည် လမ်းပေါ် ၌ ကျသဖြင့် ငှက်တို့သည်လာ၍ ၎င်းတို့ကို စားကြ၏။ အချို့သောမျိုးစေ့တို့သည် မြေဆီလွှာပါးသော ကျောက်ခံမြေပေါ် တွင်ကျသဖြင့် မြေသားတိမ်၍ လျင်မြန်စွာအပေါင် ပေါက်လာကြ၏။သို့သော် နေထွက်သောအခါ ၎င်းတို့သည် ပူလောင်၍ အမြစ်လည်းမတွယ်နိုင် သောကြောင့် ညှိုးခြောက်သွားကြလေ၏။ အချို့သောမျိုးစေ့တို့သည် ဆူးပင်များအကြားတွင်ကျသဖြင့် ဆူးပင်တို့သည် ကြီးထွားလာပြီး ၎င်းတို့ကို ဖုံးပိတ်ကြကုန်၏။ အချို့သောမျိုစေ့တို့မူကားကောင်းသောမြေပေါ်တွင်ကျသဖြင့် အပင်ပေါက်လာ ကြသောအခါ အချို့သည်အဆတစ်ရာ၊ အချို့သည်အဆခြောက်ဆယ်၊ အချို့သည်အဆသုံးဆယ်စီ အသီးသီးကြ၏။ ကြားခြင်းငှာနားရှိသောသူသည် ကြားပါစေဟုမိန့်တော်မူ၏။**ထောက်ရှုချက်**ဘုရားသခင်ည် ကောင်းသောမျိုးစေ့ဖြစ်သော ဘုရား၏ နှုတ်တော်ထွက်စကားကို အယောက်စီတိုင်း၏နှလုံးသားထဲတွင်ကြဲထားပေးခဲ့ပါသည်။ ခံယူသောကျွန်ုပ်တို့ တစ်ဦးစီ၏ ယုံကြည်ခြင်းပေါ်မူတည်ပါသည်။ ဘုရားသခင်သည် တရားမျှတတော်မူသည်။ ကောင်းသောမြေဆီလွှာဖြစ်သော အတွင်းစိတ်နှလုံးသား ခံယူချက်၊ လက်တွေ့ဘဝတွင် ကျင့်ကြံနေထိုင်အသက်ရှင်ခြင်း၊ နားထောင်နာခံခြင်း၊ ခရစ်တော်နောက်လိုက်ပုံစံအတုယူသက်သေခံပေးခြင်း၊ ဝေမျှပေးခြင်းဖြင့်အဆတစ်ရာ မကသောအသီးအပွင့်တွေ လှပဝေဆာနေမည်ဖြစ်သည်။