Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-07-25 04:18:29

26.07.2024 - 16th week of Friday in Ordinary time
ဇူလိုင် ၂၆ ရက်၊ ၂၀၂၄၊ ၁၆ ကြိမ်မြောက်သာမန်ကာလ သောကြာနေ့  
အမိမယ်တော်သခင်မ၏ မိဘများဖြစ်သော စိန့်ဂျော်ကင်း နှင့် စိန့်အဲန်း တို့ပွဲနေ့
St. Joachim and St. Anne, parents of the Blessed Virgin Mary - Feast
Gospel (Matthew 13: 18-23) ရှင်မာတေးဦး ၁၃း၁၈-၂၃
Reflection & Posted by Sr. Benedetta Myat Hnin Nwe,ISR

ထို့ကြောင့် မျိုးစေ့ကြဲသူ၏ပုံဥပမာကိုနားထောင်ကြလော့။ တစ်စုံတစ်ယောက်သည်နိုင်ငံတော်နှင့်ဆိုင်သောနှုတ်တော်ထွက်စကားကိုကြား၍ နားမလည်ဘဲနေသောအခါ နတ်ဆိုးသည်လာ၍သူ၏ စိတ်နှလုံးထဲ၌ ကြဲထားသည့်မျိုးစေ့ကို နုတ်ယူသွားလေ၏။ ထိုသူသည် လမ်းပေါ် တွင်ကျသောမျိုးစေ့ဖြစ်၏။ ကျောက်ခံမြေပေါ်တွင်ကျသောမျိုးစေ့မူကား နှုတ်တော်ထွက်စကားကိုကြားသောအခါဝမ်းမြောက်ခြင်းဖြင့် ချက်ခြင်းခံယူသူဖြစ်၏။ သို့သော်အမြစ်မတွယ်သောကြောင့် ခေတ္တခဏသာတည်မြဲလေ၏။ နှုတ်တော်ထွက်တရားတော်ကြောင့်ဒုက္ခဆင်းရဲခြင်းနှင့်ညှဉ်းပန်းနှိပ်စက်ခြင်း ခံရသောအခါ ထိုသူသည်ချက်ချင်းပင်စွန့်ခွာသွားတတ်၏။ ဆူးပင်များအကြားတွင် ကျရောက်သောမျိုးစေ့မူကားနှုတ်တော်ထွက်စကားကိုကြားရသော်လည်း လောကီရေးရာ၌ စိုးရိမ်ကြောင့်ကြခြင်းနှင့်ချမ်းသာကြွယ်ဝမှုတို့ ၌သာယာခြင်းတို့ကနှုတ်တော်ထွက်စကားကို လွှမ်းမိုးသဖြင့်အသီးမသီးနိုင်သောသူ နှင့် တူ၏။ကောင်းသောမြေပေါ် ၌ကျသောမျိုးစေ့မူကား နှုတ်တော်ထွက်စကားကိုကြား၍နားလည်သဖြင့် အသီးသီးရာတွင် အချို့သည်အဆတစ်ရာ၊အချို့သည် အဆခြောက်ဆယ်၊အချို့သည်အဆသုံးဆယ်ပွားစေသောသူဖြစ်သတည်းဟုမိန့် တော်မူ၏။**ထောက်ရှုချက်**အမိမယ်တော်သခင်မ၏ မိဘများဖြစ်သော စိန့်ဂျော်ကင်း နှင့် စိန့်အဲန်း တို့ပွဲနေ့တွင် မိမိတို့ မိဘများပွဲနေ့ဖြစ်ပါသောကြောင့် ရှင်သူ၊သေသူ မိဘများအားလုံးအတွက် အထူးသတိရဆုတောင်းပေးကြပါစို့။ဤယနေ့ ကျမ်းစာတော်မြတ်တွင် ဘုရား၏ နှုတ်တော်ထွက်စကားကိုကြားနာရ‌သောအခွင့်ရှိကြသော်လည်း အရေးမယူ မကျင့်ကြံနိုင်ပဲလျစ်လျူရှုမိချိန်များစွာရှိသောကြောင့် ခရစ်တော်ကိုသက်သေခံနိုင်ခြင်း မရှိနိုင်တော့ပေ။ ဘုရားသခင်ကျေးဇူးတော်ကိုနည်းလမ်းအမျိုးမျိုးဖြင့်ကျွန်ုပ်တို့တစ်ဦးစီအပေါ် သက်ရောက်သွန်းလောင်းနေပါသော်လည်း မခံယူပဲလောက၏ဆွဲဆောင်မှု၊ သာယာမှုနောက်သို့မျောပါသွားသောကြောင့် အပေါ်ယံသာဘုရားကို လက်ခံယုံကြည်ခြင်း၊ ဒုက္ခအခက်ခဲများ၊ စုံစမ်းနှောက်ယှက်ခြင်းနှင့်ရင်ဆိုင်ရသောအခါ အလွယ်တကူဘုရားကိုစွန့်ပစ်တတ်ကြသည်။ ကျေးဇူးတော်များစွာဆုံးရှုံးဆုံးစေပါသည်။ သို့ဖြစ်ပါ၍ ဘုရား၏နှုတ်တော်ထွက်စကားကို ကြားနာပြီးကျင့်ကြံအားထုတ်ကာ လူတွေထံဝေမျှသက်သေခံ၊ ကျေးဇူးတော်ပွားများ သီးပွင့်ဝေဆာစေရန်လိုအပ်‌သောကျေးဇူးတော်ကို ဘုရားရှင်ထံတောင်းခံသွားကြပါစို့။

Daily Reflection