Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-07-26 02:54:17

27.07.2024 - 16th week of Saturday in Ordinary time
ဇူလိုင် ၂၇ ရက်၊ ၂၀၂၄၊ ၁၆ ကြိမ်မြောက်သာမန်ကာလ စနေနေ့  
Gospel (Matthew 13: 24-30) ရှင်မာတေးဦး ၁၃း၂၄-၃၀
Reflection by Sr. Benedetta Myat Hnin Nwe,ISR

ကိုယ်တော်သည် အခြားသော ပုံဥပမာဖြင့် သူတို့အားမိန့်တော်မူသည်မှာ ကောင်းကင်နိုင်ငံတော်အား မိမိ၏လယ်၌ ကောင်းသောမျိုးစေ့ကိုကြဲသောသူနှင့် ခိုင်းနှိုင်းနိုင်၏။သို့သော်လူတို့အိပ်ပျော်နေချိန်တွင်သူ၏ရန်သူသည်လာ၍ တောမျိုးစေ့များကို ဂျုံစပါးအလယ်၌ကြဲ၍ ထွက်သွားလေ၏။ အပင်များပေါက်လာပြီး အနှံထွက်သည့်အချိန်တွင် ပေါင်းများသည်လည်း ပေါ်ထွက်လာလေ၏။ ထိုအခါ အစေခံတို့သည် လယ်ပိုင်ရှင်ထံလာ၍ သခင်၊ ကောင်းသောမျိုးစေ့ကိုသခင်၏ လယ်၌ကြဲခဲ့သည် မဟုတ်ပါလော။သို့ဖြစ်လျှင် ပေါင်းပင်တို့သည်မည်သို့ ရောက်လာသနည်းဟုမေးကြ၏။လယ်ပိုင်ရှင်ကရန်သူသည် ဤအမှုကိုပြုခဲ့ပြီဟုသူတို့အားဆို၏။အစေခံတို့ကလည်း ဤသို့ဆိုလျှင်အကျွန်ုပ်တို့သွား၍ ၎င်းတို့ကိုစုသိမ်းရန်သခင်အလိုရှိပါသလောဟုမေးမြန်းကြ၏။သို့သော်လယ်ပိုင်ရှင်က ငါအလိုမရှိ၊ပေါင်းပင်တို့ကို စုသိမ်းရာတွင် သင်တို့သည် ၎င်းတို့နှင့်အတူဂျုံစပါးတို့ကိုလည်း နုတ်မိမည်ကိုစိုးရိမ်ရ၏။ ဂျုံစပါးရိတ်သည့်ကာလတိုင်အောင် နှစ်မျိုးစလုံးကြီးထွားပါစေ။ ရိတ်သိမ်းချိန်၌ ပေါင်းပင်တို့ကို ဦးစွာနုတ်၍ မီးရှို့၍ စည်းထားကြလော့၊ ဂျုံစပါးကိုမူငါ၏ ကျီထဲ၌ လှောင်ထားကြလော့ဟု ရိတ်သိမ်းသူတို့အား ငါမှာထားမည်ဟူ၍ မိန့်တော်မူ၏။**ထောက်ရှုချက်***ယနေ့ ဂျုံနှင့် ပေါင်းပင်ပုံဥပမာကကျွန်ုပ်တို့အား သနားကြင်နာတတ်သောဘုရားသခင်သည်'လူဆိုးများ'ပြောင်းလဲခြင်းကို စိတ်ရှည်စွာ စောင့်မျှော်နေသောကြောင့်အခြားလူများကိုမကောင်းကြောင်း ပြောခြင်း၊ကျွန်ုပ်တို့၏ အပြောအဆို အဆုံးအမတွင် အလျင်စလိုမလုပ်ရန် သတိပေးထားသည်။ ကျွန်ုပ်တို့အားလုံးသည် ဂျုံနှင့်ပေါင်းပင်များပေါင်းစပ်ထားသောကြောင့် မည်သူ့ကိုမျှ လူဆိုးအဖြစ် မမှတ်ယူသင့်ပါ။"ကျွန်ုပ်တို့၏ အဆိုးဆုံးတွင် အကောင်းများစွာ ရှိပြီး အကောင်းဆုံးတွင် မကောင်းမှုများစွာ ရှိသည်။ မည်သူ့ကိုမဆို အပြစ်ရှာရန်၊ အတင်းပြောခြင်း၊ အကောင်းမမြင်ခြင်း၊စသည့်အားနည်ချက်များ ချမနင်းမိရန်မပြုလုပ်ဖို့သတိကြီးစွာဖြင့် မကောင်းမှုနှင့်ကောင်းမှုသည်ဒွန်တွဲနေသည်ကို လက်ခံဆင်ခြင်နေထိုင်ရန်ဖြစ်သည်။ ဘုရားသခင်သည် နောင်တရသောအပြစ်သားများအား ကရုဏာသနားပြီး သူ့ထံပြန်လာရန်စောင့်မျှော်နေသကဲ့သို့၊ ကျွန်ုပ်တို့သည်လည်း ၎င်းတို့အား ဘုရားသခင်ပြောင်းလဲပေးမည့်အချိန်အတွက် စိတ်ရှည်သည်းခံပြီးကြင်နာမှုရှိရမည်ဖြစ်သည်။ ပေါင်းပင်များကို စာနာစိတ်ဖြင့်ကုသ၍ ဘုရားသခင်၏လယ်ကွင်းတွင် ကျန်းမာပြီးစံနမူနာပြ ဂျုံစပါးကဲ့သို့ နေထိုင်ကြပါစို့။

Daily Reflection