Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-07-27 01:56:25

28.07.2024 – 17th Sunday in Ordinary time
ဇူလိုင် ၂၈ ရက်၊ ၂၀၂၄၊ ၁၇ ကြိမ်မြောက်သာမန်ကာလ တနင်္ဂနွေနေ့  
Gospel (John 6: 1-15) ရှင်ယောဟန် ၆း၁-၁၅
Reflection by Sr. Benedetta Myat Hnin Nwe,ISR

ထို့နောက် ယေဇူးသည် တိဘေးရိယအိုင်ဟုအမည်တွင်သော ဂါလေလေးယပင်လယ်တစ်ဖက်ကမ်းသို့ကြွတော်မူ၏။ များစွာသောလူအစုအဝေးတို့သည်လည်း နာမကျန်းဖြစ်နေသူတို့အပေါ် ၌ ကိုယ်တော်ပြုလုပ်တော်မူသောအံ့ဖွယ်တန်ခိုးလက္ခဏာများကို တွေ့မြင်ကြသဖြင့် ကိုယ်တော်၏ နောက်တော်သို့ လိုက်ကြလေ၏။ ယေဇူးသည်လည်း တောင်ပေါ်သို့ ကြွတော်မူ၍ တပည့်တော်တို့ နှင့် အတူထိုနေရာ၌ထိုင်တော်မူ၏။ ထိုအချိန်သည်ကား ဂျူးလူမျိုးတို့၏ပွဲတော် ဖြစ်သောပါစကားပွဲကျင်းပရန်အချိန်နီးကပ်လာပြီဖြစ်၏။ ကိုယ်တော်သည် လှမ်း၍  ကြည့်သောအခါ များပြားလှသောလူအစုအဝေးသည်အထံတော်သို့လာနေကြသည်ကို မြင်သောကြောင့် ဤသူတို့စားသုံးရန် မုန့်ကိုငါတို့မည်ကဲ့သို့ ဝယ်နိုင်မည်နည်းဟု ဖိလိပုအားမိန့်တော်မူ၏။ ဖိလိပုကလည်း လူတိုင်းတစ်ယောက်လျှင် ပေါင်မုန့်တစ်ဖဲ့စီရနိုင်ရန်ဒေနာရီနှစ်ရာဖိုးဝယ်လျှင်ပင် လုံလောက်မည်မဟုတ်ပါဟုကိုယ်တော်အားပြန်လျှောက်လေ၏။ ကိုယ်တော်၏တပည့်တော်တစ်ပါးဖြစ်၍ စီမွန်ပေတရု၏ညီဖြစ်သော အန္ဒြေးယက ကိုယ်တော်အားလျှောက်ထားသည်မှာ၊မုယောဆန်မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ရှိသော သူငယ်တစ်ယောက် ဤနေရာတွင်ရှိပါ ၏။ သို့သော် ဤမျှများပြာသောလူအစုအဝေးအတွက် မပြောပလောက်ပါဟုဆို၏။ယေဇူးကလည်း လူတို့ကို ထိုင်ပါစေဟုမိန့်တော်မူ၏။ ထိုနေရာ၌ မြက်ခင်းများရှိ၏။ ယောက်ျားများချည်းပင် ငါးထောင်ခန့်ရှိသောလူတို့သည်လည်း ထိုင်ကြလေ၏။ ထို့နောက် ယေဇူးသည် မုန့်များကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးလျှင် ထိုင်နေကြသောလူတို့အားဝေငှတော်မူ၏။ ထိုနည်းတူ ငါးကိုလည်းသူတို့အလိုရှိသလောက်ဝေငှတော်မူ၏။ သူတို့စား၍ဝကြပြီးသောအခါ ကိုယ်တော်သည် တပည့်တော်တို့အား ကြွင်းကျန်သော အကျိုးအပဲ့များကို မပျောက်မပျက်စေခြင်းငှာ ကောက်သိမ်းကြလော့ဟု မိန့် တော်မူ၏။ ထို့ကြောင့် လူတို့စားပြီးသည့်နောက် မုယောဆန်မုန့် ငါးလုံးမှကျန်ရှိသော အပိုင်းအစများကို ကောက်သိမ်းကြရာ တောင်းတစ်ဆယ့်နှစ်လုံးအပြည့်ရကြ၏။ လူတို့သည် ကိုယ်တော်ပြုတော်မူသောတန်ခိုးလက္ခဏာကိုမြင်ကြလျှင် ဤသူသည်ကား ဤလောကသို့ ကြွလာမည့် ပရောဖက် ဧကန်မုချဖြစ်သည်ဟုဆိုကြ၏။ ထိုသူတို့သည် လာကြ၍ မိမိအားဘုရင်အရာသို့အတင်းအဓမ္မတင်မြှောက်ကြမည်ကို ယေဇူးသိသောကြောင့် မိမိတစ်ပါးတည်းတောင်ပေါ်သို့တိမ်းရှောင်သွားတော်မူ၏။ **ထောက်ရှုချက်*** ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ကျွန်ုပ်တို့၏ အနည်းငယ်သောချစ်ခြင်း၊ ဆက်ကပ်ပေးဆပ်ခြင်းကို အများကောင်းမှုကောင်းကျိုးအတွက် များစွာကူညီထောက်ပံ့ရရှိနိုင်ခြင်းနှင့်ကြီးမားသော ထူးခြားမှုဖြစ်စေသည်ကို ယနေ့ကျမ်းစာတွင် ခရစ်တော်သည် ငါးနှစ်ကောင်နှင့်ပေါင်မုန့်ငါးလုံးကို တန်ခိုးအားဖြင့် ပွားများစေခြင်းကိုပြသခဲ့သည်။ ကလေးတစ်ဦး၏ ရက်ရောမှုကဲ့သို့ကျွန်ုပ်တို့ တစ်ဦးစီပါဝင်မှုကို ဘုရားနှစ်သက်ပါသည်။ ခရစ်တော်သည် မိမိတို့အတွက် အသက်၊ ခွန်အား၊ ရက်ရောစွာပေးခဲ့သောသူ့အချစ်၊အံ့သြဖွယ်တန်ခိုးများပြုလုပ်ပေးခြင်း၊ ပူဆွေးသောကများကိုပြေပျောက်စေသူ၊ ဆာလောင်မှုကို အားဖြည့်စွက်ပေးခဲ့သည်ကို သတိရကာ ကျွန်ုပ်တို့လည်း ထိုကျေးဇူးတော်ရရှိရန်၊ ရက်ရောသောစိတ်ဖြင့်ဆက်လက်ရှင်သန်နေထိုင်နိုင်ရန် ကြိုးစာကြပါစို့။

Daily Reflection