Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-07-27 23:45:25

29.07.2024 - 17th week of Monday in Ordinary time
ဇူလိုင် ၂၉ ရက်၊ ၂၀၂၄၊ ၁၇ ကြိမ်မြောက်သာမန်ကာလ တနင်္လာနေ့  
St. Martha
Gospel (Luke 10: 38-42) ရှင်လုကာ ၁၀း၃၈-၄၂
Reflection by Sr. Benedetta Myat Hnin Nwe,ISR

သူတို့သည်ခရီးဆက်ကြစဉ် ကိုယ်တော်သည် ရွာတစ်ရွာသို့ဝင်သဖြင့် မာဿအမည်ရှိသောအမျိုးသမီးတစ်ဦးသည် ကိုယ်တော့်ကို မိမိ၏အိမ်၌လက်ခံကြိုဆိုလေ၏။ မာဿတွင် မာရိယာအမည်ရှိသောညီမတစ်ဦးရှိ၍ သူမသည်သခင်ဘုရား၏ခြေတော်ရင်း၌ထိုင်လျက်ကိုယ်တော်၏ သွန်သင်ချက်များကို နားထောင်နေလေ၏။ မာဿမူကား ဧည့်ခံခြင်းအမှု၌ အလုပ်များလျက်ရှိသဖြင့် ကိုယ်တော်၏အထံတော်သို့ ချဉ်းကပ်၍ သခင်ဘုရား၊ကျွန်မ၏ညီမဖြစ်သူသည် ကျွန်မတစ်ဦးတည်း ဧည့်ခံခြင်းအမှုဆောက်ရွက်ရန်ပစ်ထားသည်ကိုသတိမမူပါသလော။ သို့ဖြစ်၍ ကျွန်မကိုကူညီစေရန် သူမအားအမိန့်ရှိတော်မူပါဟု လျှောက်လေ၏။သို့သော် သခင်ဘုရားက မာဿ၊ မာဿ၊ သင်သည်များစွာသောအမှုကိစ္စတို့အတွက် စိုးရိမ်ပူပန်ခြင်းရှိ၏။ လိုအပ်သောအရာတစ်ခုတည်းသာရှိ၏။ မာရိယာသည် ထိုကောင်းမြတ်သောအရာကိုရွေးချယ်လေပြီး။ထိုအရာကိုသူမထံမှဖယ်ရှား၍ ရလိမ့်မည်မဟုတ် ဟု မိန့်တော်မူ၏။ **ထောက်ရှးချက်** ဘဝမှာ မာဿကဲ့သို့ကာယခွန်အားအတွက်အလုပ်လုပ်နေရသလို မာရိယာကဲ့သို့လည်းတရားနာယူ ဝိညာဥ်ခွန်အားဖြည့်ဖို့လည်း အထူးလိုအပ်ပါသည်။ လုပ်လည်းလုပ်နေကြပါသည်။ သို့သော်တခါတရံတွင် ကာယအတွက်နစ်ပြီးလုပ်နေရင်း ငြီးညူခြင်း၊မြည်တွန်တောက်တီးခြင်း၌သာ အချိန်ကုန်လွန်စေပါက ဘာမှကုသိုလ်အကျိုးမရပဲဝိညာဥ်ခွန်အားဖြည့်ဖို့ဝေးနေမည်ဖြစ်သည်။သို့ပါသောကြောင့် မာဿကဲ့သို့ကာယခွန်အားအတွက်ကြိုးစားလုပ်ဆောင်ရင်း ဝိညာဥ်ခွန်အားဖြည့်ဖို့လည်း မချန်ထားပဲ တရားနာယူကာ လက်တွေ့ဘဝတွင်ကျင့်ကြံနေထိုင်သွားကြပါစို့။

Daily Reflection