Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-07-31 04:31:38

1.8.2024  - 17th week of Thursday in Ordinary time
သြဂုတ်လ ၁ ရက်၊ ၂၀၂၄၊ ၁၇ကြိမ်မြောက်သာမန်ကာလ ကြာသပတေးနေ့  
(St. Alphonsus Mary de Liguori Bishop, Doctor)
Jer 18;1-6
Gospel (Matthew 13; 47-53) ရှင်မာတေးဦး ၁၃း၄၄-၄၆
Reflection by Sr. Rose Mary (SdP)
Posted by Sr. Benedetta Myat Hnin Nwe,ISR

 ပိုက်ကွန် မကောင်းသူနှင့် ဖြောင့်မတ်သူ”လူတိုင်းပိုက်ကွန်များ ပိုင်ဆိုင်ထားသူများဖြစ်ကြသည်။ တစ်နည်းဆိုရလျှင် ဘဝတိုက်ထဲမှ ဥစ္စာပစ္စည်းအသစ်နှင့်အဟောင်းရောထွေး နေသလို၊ မသိစိတ်ထဲကသိမ်းဆည်းထားဆဲအရာများစွာကို အသိစိတ်က ဖော်ဆောင်လိုက်သည့်အခါ အဆိုးအကောင်းကိုခွဲခြားသိမြင်လာပြီး၊ မကောင်းမှုကို ရှောင်ရှား၊ ဘုရား၏အကြိုက်ကိုဆောင်ရင်း တစ်နေ့တာပင်ပန်းမှုကြားက ဘုရား၏နှုတ်ကပါတ်တော်ကိုကြားနာ၊ ထောက်ရှုမိသူတိုင်း စိတ်အေးချမ်းကြည်နှုးမည် အမှန်ပင်ဖြစ်သည်။သူတစ်ဦး၏ ဟောပြောမှုကြောင့် ဖြစ်စေ၊ အပြုအမှုအပြောအဆိုကြောင့်ဖြစ်စေ၊ ကောင်းသောပုံသက်သေပြသမှုကြောင့် ကိုယ့်အတွင်းစိတ်ကို စွဲလန်းဆွဲဆောင်ခြင်း ခံရတတ်သည်။ဘာကြောင့်လူတိုင်းပိုက်ကွန် ကို ပိုင်ဆိုင်သည်ဟု ပြောနိုင်သလဲဆိုရင် အတွင်းစိတ်ကို ပြုပြင်ပြောင်းလဲလိုစိတ်ရှိသူသည် အကောင်းကို အတုယူပြုပြင်ကြပြီး၊ မကောင်းမှုကို ရှောင်ကျဥ်ကြသည်။ ဘုရားကိုရှာရင်လည်း ကိုယ်၌တွေ့နိုင်သည်။ထိုနည်းတူကောင်းကင်နိုင်ငံသည်လည်း ကိုယ်၌တွေ့နိုင်သည်။ ထို့ကြောင့် ကောင်းကင်ဘဝကို တွေ့ရှိသူလို့လည်း ပြောနိုင်သည်။ ဘုရားကို ချစ်တတ်လာရင် ကောင်းကင်ဘဝ ကို အမှန်တကယ်စိုးမိုးနိုင်ပါမည်။

Daily Reflection