2.8.2024 - 17th week of Friday in Ordinary time
သြဂုတ်လ ၂ ရက်၊ ၂၀၂၄၊ ၁၇ကြိမ်မြောက်သာမန်ကာလ သောကြာနေ့
St. Eusebius of Vercelli, Bishop
Jer 26;1-9, Gospel (Matthew 13;54-58) ရှင်မာတေးဦး ၁၃း၅၄-၅၈
Reflection by Sr. Rose (SdP)
Posted by Sr. Benedetta Myat Hnin Nwe,ISR
“အဖြူရောင်စာရွက်ပေါ်က အမဲစက်လေး”လူတိုင်း၌ အပြစ်ကင်းသည်ဟု၍မရှိပါ။ အဆိုးအကောင်းအမြဲဒွန်တွဲလျှက်ရှိသည်။ ကလေးဘဝက ကိုယ့်ရွာအကြောင်းပြောပြချင်သည်။ ရွာကများသောအားဖြင့်လက်လုပ်လက်စားပိုများသည်။ အစိုးရဝန်ထမ်းအချို့သာရှိသည်။ဘုရားကျောင်းခေါင်းလောင်းသံကြားရင် အကြောင်းပြချက်အမျိုးမျိုးနှင့်ဘုရားကျောင်းတက်ရန် ပျင်းကြသည်။ ငြင်းကြသည်။ အချို့မိသားစုက မိဘကိုကြောက်လို့၊ အချို့က ဓမ္မဆရာကိုကြောက်လို့သာ ဘုရားကျောင်းသွားကြသည်။ ဘုရားကျောင်းထဲတွင် အမျိုးသမီးကို အများဆုံးတွေ့ရှိသည်။ အမျိုးသားမှာ ဓမ္မဆရာနှင့် ကျောင်းဒကာ သားအဖတို့ကိုသာတွေ့ရလေ့ရှိသည်။၎င်းရွာသည် နာမည်ကောင်းတစ်ခါမျှမကြားရပါ၊ ရန်ဖြစ်ခြင်း၊ အတင်းပြောခြင်း၊ ဝေဖန်ပြစ်တင်တတ်ခြင်း၌ ကျင်လည်နေသည်။ သို့ပေမဲ့ ပွင့်လင်းကြသည်။ ဝန်ခံတတ်သည့်အကျင့်တော့ရှိကြသည်။အဆိုးတွေကြားက အချို့မိသားစုဝင်တို့သည် ဘုရားကိုကြောက်ရွံ့ရိုသေသည်။ သားသမီးများသည်မိဘစကားနားထောင်တတ်သည်ကိုတွေ့ရသည်။ဘုရား၏ခေါ်သံကို ကြားနာခဲ့ရသော သူများလည်းရှိလာသည်။ နာမည်ကောင်းမရခဲ့သည့်ရွာငယ်ဇနပုဒ်က အခုဆရာတော်၊ ရဟန်း၊ သီလရှင် အများဆုံးဖြစ်လာသည်ကို တွေ့ရသည်။ထို့ကြောင့် အဖြူရောင်စာရွက်ပေါ်က အမဲစက်ကို သာမမြင်ပဲ၊ အဖြူရောင်ကိုအဖြူသာ မြင်စေချင်ပါသည်။ အရာရာတိုင်းကို အကောင်းမြင်တတ်စိတ်ဖြင့် ရှင်သန်ကြပါစို့လား။