Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-08-02 05:56:54

3.8.2024 - 17th week of Saturday in Ordinary time
သြဂုတ်လ ၃ ရက်၊ ၂၀၂၄၊ ၁၇ကြိမ်မြောက်သာမန်ကာလ စနေနေ့  
Jer 26;11-16,24, Gospel (Matthew 14;1-12) ရှင်မာတေးဦး ၁၄း၁-၁၂
Reflection by Sr. Rose (SdP)
Posted by Sr. Benedetta Myat Hnin Nwe,ISR

အမှန်တရားသည် အမှောင်ထဲဝင်ခဲ့သည်။ဤယနေ့ဧ၀ံဂေလိ နှုတ်ကပါတ်တော်ကို ပြန်လည်ထောက်ရှုမိသည့်အခါဂုဏ်သိက္ခာမက်မောသော ဟေရုဒ္ဒိယသည် လောကအမှိုက်သရိုက်လိုပင် စိတ်ရှုပ်စရာဖြစ်သွားသည်။ မလိုမုန်းတီးမှုသည် ယုတ်မာခြင်းကိုကူးစက်စေသည်။မကောင်းမှုဒုစရိုက် အရိပ်အောက်၌ လိမ္မာပါးနပ် ပရိယာယ်များတတ်၏။ဥစ္စာရူးလာရင် မျက်နှာမလိုက် ရက်စက်တတ်သည်။သို့သော် တစ်ဖက်ကိုပြန်ကြည့်လျှင် စိတ်ထားကြည်လင်လျှင် ကြေးမုံပြင်လို ရောင်ပြန်ဟသလို နှိမ့်ချသူ၏အပြုအမှုသည် ပလ္လင်ပေါ်ကပန်းရနံ့ကဲ့သို့ သင်းပျံ့မွှေးကြိုင်နေမည်။ယောဟန်ဘတ္တိဇံ၏ဖြောင့်မတ်ဖြူစင်ခြင်း၊ ရဲရင့်သောစိတ်ဓါတ်သည်ကြမ်းတမ်းသည့်ဘဝ အမှောင်ထုသည်လောကခရီးလမ်းကို ခရစ်တော်ကြွမြန်းလာမည့်ကယ်တင်ခြင်းလမ်းအဖြစ်ရှင်းလင်းပေးနိုင်ခဲ့သည်။ ယောဟန်ဘတ္တိဇံသည်ဥပဓိရုပ်ထက် စိတ်ကလှသည်။ထို့ကြောင့် ဘုရားသခင်သည် ဥပဓိရုပ်ကို မကြည့်ဘဲ နှလုံးသားကိုသာကြည့်သည်။ ဘဝအလှရှင်သန်စေရန်အတွက်နှုတ်ကပါတ်တရားတော် ဖတ်ရှုခြင်းအားဖြင့်စိတ်အလှဆင်ကြပါစို့။

Daily Reflection