4.8.2024- 18th Sunday in Ordinary Time
သြဂုတ်လ ၄ ရက်၊ ၂၀၂၄၊ ၁၈ ကြိမ်မြောက်သာမန်ကာလ တနင်္ဂနွေနေ့
St. John Mary vianney Feast
1st Ex16;2-4,12-15, 2nd Eph 4;17,20-24Gospel ( John 6;24-35) ရှင်ယောဟန် ၆း၂၄-၃၅
Reflection by Sr. Rose (SdP)
Posted by Sr. Benedetta Myat Hnin Nwe,ISR
"ရိုးသား၊ယုံကြည် ..အသက်မသေ"ပျက်စီးတတ်သော အစာအတွက်မကြိုးစားကြနှင့်။ရောမလူမျိုးများက ခရစ်ယာန်များအား ဒိဌိများနှင့်သွေးရောစပ်ယှက်မှုကို ကျူးလွန်သူများနှင့်လူသားစားသောသူများဖြစ်သည်ဟုစွပ်စွဲခဲ့ကြသည်ကိုကြားဖူးခဲ့ပါသည်။ သခင်ယေဇူးခရစ်တော်သည်လည်း“ငါ့အသွေးကိုသောက်၍ငါ့အသားကိုစားကြလော့”ဟုဆိုထားပါသည်။လောကအမြင်နှင့်ကြည့်လျှင် လူသားစားသလိုပင်ဆိုနိုင်သည်။ဘုရားသခင်၏ဘုန်းတော်ထိတွေ့ခံစားခဲ့သူများအဖို့ ကိုယ်တော်နှင့်တသွေးတသားတည်းဖြစ်နေသည်ကိုခံစားရပါသည်။သူ့ကို အောက်မေ့သတိရရန်နေ့စဉ်ကိုယ်တော်မြတ်စက္ကရမင်းတူးကိုပင့်ယူခြင်းဖြင့် ထာဝရအသက်ရရှိပိုင်ဆိုင်ဖို့ရန် ဝိညာဉ်အာဟာရကို သောက်သုံးရခြင်းဖြစ်သည်။ နေ့စဉ်မပြတ်ကိုယ်ကာယအတွက် အစားအစာကိုရှာဖွေမှစားသုံးရသလို ၎င်းအစားအစာကို မှီဝဲနေရင်းပျက်စီးခြင်းရောက်နိုင်သည်ဟု ကိုယ်တော်မိန့်မှာတော်မူခဲ့သည်။ထို့ကြောင့် ဝိညာဉ်ရှင်သန်နိုင်ဖို့ လောက၏နေ့စဉ်ဖြောင့်မတ်ခြင်း ကျေးဇူးတော်အစဉ်ခံယူပြီး၊ ကာယဝိညာဉ်ရေးအတွက် ဘုရားနှုတ်ကပါတ်တော်အားဖြင့် အသက်သွေးကြောထဲ စေလွတ်ကြပါစို့။