Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-08-04 00:23:43

5.8.2024- 18th week of Monday in Ordinary time
သြဂုတ်လ ၅ ရက်၊ ၂၀၂၄၊ ၁၈ကြိမ်မြောက်သာမန်ကာလ တနင်္လာနေ့  
Dedication of the Basilica of St. Mary Major
Jer 28;1-17, Gospel (Matthew 14;13-21) ရှင်မာတေးဦး ၁၄း၁၃-၂၁
Reflection by Sr. Rose (SdP)
Posted by Sr. Benedetta Myat Hnin Nwe,ISR

ပေါင်မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်၏ ပိုင်ရှင်လိုဖြစ်ချင်သည်။ဤကနေ့ ဧ၀ံဂေလိကျမ်းစာ၌သခင်ယေဇူးခရစ်တော်သည် မျက်စိသူငယ်၊နားသူငယ်ဖြစ်နေကြသည့်လူအုပ်စုကိုကြည့်ပြီး သနားကရုဏာသက်တော်မူခဲ့သည်ကိုတွေ့ရသည်။သင်တို၌သည် ထိုသူတို့ကိုစားစရာတစ်စုံတစ်ခုပေးကြလော့။ ဤနေရာတွင်ရှင်မာတေးဦးကျမ်းမှာတပည့်တော်တို့၌ပေါင်မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်သာရှိသည်၊ ရှင်ယောဟန်ကျမ်းမှာမုယောဆန်ပေါင်မုန့်ငါးလုံးနှင့်ငါးနှစ်ကောင် ရှိသောသူငယ်တစ်ယောက်ထံမှလို့ဖြေထားတာတွေ့ရပါသည်။ကိုယ်တွေသတိမထားမိသည့်အချိန်၊မရည်ရွယ်ဘဲဖြစ်ခဲ့သည့်ဖြစ်ရပ်တွေကြုံဖူးကြမှာပါ။ ယခု ကျမ်းစာထဲက သူငယ်တစ်ဦးသည် မိမိအဖို့ပြင်ဆင်ပြီးယူလာခဲ့သည့်စားစရာသည် အံ့ဘွယ်တန်ခိုးကြောင့်သူတစ်ပါးကို ဧည့်ခံကျွေးမွေးရလိမ့်မည်ဟုထင်ထားမှာမဟုတ်ဘူး။ သူ့၌ရက်ရောသောစိတ်ထားသည် သူ့ကိုပျော်ရွှင်မှုပေးနေမှာအမှန်ပင်ဖြစ်သည်။ နှမျောတွန့်တိုမှုရှိခဲ့လျှင်ကိုယ့်အတွက်အခွင့်အရေးဆုံးရှုံးသွားမည်ဖြစ်သည်လူအုပ်စုတွေကြားမှာ တရားဒေသနာကိုနားထောင်ရန်၊သခင်ယေဇူးကိုတွေ့မြင်လိုသူ၊ အစားအစာစားသောက်ရလို့ဖြစ်စေ၊လူဦးရေငါးထောင်ကျော်ကို ကိုယ်တော်သည်ကိုယ်ခန္ဒာ၀ိညာဥ်အစာအာဟာရကို ၎င်း သမားတော်ကြီးအဖြစ် ၀ိညာဥ် ကာယ နာကြင်မှုဝေဒနာကို ကုသပေးခြင်း၊ လူတွေမတတ်နိုင်သည့်အရာကို ကိုယ်တော်ရှင်၏ တန်ခိုးတော်အားဖြင့် ပျောက်ကင်း သက်သာ စေခဲ့ပါသည်။နေ့စဥ်နေ့တိုင်း ကိုယ်တော်ရှင်သည် ကျွန်ပ်တို့ကို ၀ိညာဥ်အစာအာဟာရကိုကျွေးမွေးနေပါသည်။ အေးမြသည့် သူ့၏အရိပ်တော်အောက်သို့ ခိုလှုံဖို့ရန်ကြိုဆိုနေပါသည်။ ကျွန်ပ်တို့ကိုလည်းနေ့တိုင်း အသိမ်ငယ်ဆုံးသောသူများကိုကျွေးမွေးပြုစုဖို့ ဖိတ်ခေါ်နေပါသည်။ ပေးကမ်းစွန့်ကြဲကြရန်၊ သူတစ်ပါးကိုမျှဝေပေးကြဖို့ကမ်းလှမ်းနေပါသည်။ သူ့၏ အသုံးတော်ခံအဖြစ်အလိုရှိ နေသည်။

Daily Reflection