8.8.2024- 18th week of Thursday in Ordinary time
သြဂုတ်လ ၈ ရက်၊ ၂၀၂၄၊ ၁၈ကြိမ်မြောက်သာမန်ကာလ ကြာသပတေးနေ့
St. Dominic Feast
Gospel (Matthew 16:13-23) ရှင်မာတေးဦး ၁၆း၁၃-၂၃
Reflection by Sr. Myat Tar Zin (SdP)
Posted by Sr. Benedetta Myat Hnin Nwe,ISR
(ယေရမိ ၃၁း၃၁-၃၄) ဤကျမ်းပိုဒ်တွင်ယေရမိသည် မိမိ၏လူမျိုးတော်နှင့်ဘုရားသခင်ပြုတော်မူမည့်ပဋိညာဉ်သစ်ကို ပရောဖက်ပြု၍ မိမိတို့နှလုံးထဲတွင် မိမိ၏ပညတ်တရားကို ရေးသားပေးမညဟူသောပဋိညာဉ်သစ်ကို ပရောဖက်ပြုသည်။ ပဋိညာဉ်သစ်ကိုကြေညာခြင်းက မိမိလူမျိုးနှင့်ရင်းနှီးသော ဆက်ဆံရေး ပြန်လည်တည်ထောင်လိုသည့် ဘုရားသခင်၏ မေတ္တာနှင့်ကုသမှုကို အလေးပေးဖော်ပြသည်။ ယင်းက ဘုရားသခင်နှင့်ပေါင်းသင်းဆက်ဆံခြင်း၏ အရေးကြီးမှုကို ပြန်ပြောင်းသုံးသပ်ရန်နှင့် ကိုယ်တော့်ပညတ်ကို ကျွန်ုပ်တို့၏လုပ်ရပ်များကို လမ်းညွှန်ပေးရန် ဖိတ်ခေါ်သည်။ဆာလံ ၅၀(၅၁) ဤဆာလံသည် ခွင့်လွှတ်မှုအတွက် နောင်တရပြီး ထောက်ပံ့ပေးရန်ဆုတောင်းပေးခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏အပြစ်များကို ဘုရားသခင်ရှေ့နှိမ့်ချစွာ အသိအမှတ်ပြုရန်နှင့်ကိုယ်တော်၏သနားကြင်နာမှုရှိသောခွင့်လွှတ်မှုကို တောင်းခံရန် ဖိတ်ခေါ်ပါသည်။ ယင်းကကျွန်ုပ်တို့၏ အားနည်း ချက်နှင့် အပြစ်ကျူးလွန်ချိန်ပင် ဘုရားသခင်ကျေးဇူးတော်ဖြင့် နှစ်သိမ့်မှုနှင့်ကုသမှုကိုရှာတွေ့နိုင်ကြောင်းသတိရစေသည်။(MT 16:13-23) ၎င်းကျမ်းပိုဒ်မှာ ယေဇူးက တမန်တော်များကို ဘယ်သူဖြစ်မည် ထင်သနည်းဟု မေးခဲ့သည်။ ပေတရု၏ အဖြေကို အတည်ပြုပြီး အသင်းတော်အုတ်မြစ်ဖြစ်ကြောင်း ကြေညာလိုက်ပါသည်။ သို့သော်မကြာမီတွင် ပေတရုသည် မိမိ၏ ဆင်းရဲ ဒုက္ခနှင့်သေခြင်းအလားအလာကို ခုခံတွန်းလှန်သည့်အတွက် ပြစ်တင်ဆုံးမသည်။ ယင်က ယေဇူးနောက်လိုက်ခြင်းသည် လက်ဝါးကပ်တိုင်ကို လက်ခံပြီး မိမိအလိုတော်လိုက်နာရန် မိမိကိုယ်ကို စွန့်ပစ်ဖို့လိုကြောင်း သတိရစေသည်။ခရစ်ယာန်အသက်တာသည် ခရစ်တော်နောက်လိုက်ခြင်းဖြစ်ကြောင်း ခရစ်တော်မည်သို့မည်ပုံရှင်သန်ခဲ့သည့်အကြောင်းနှင့် သူလျှောက်ခဲ့သောလမ်းကို ပြန်လည်သတိရကြပါစို့။ သမ္မာကျမ်းစာလာသည့်အတိုင်း ခရစ်တော်သည် ကမ္ဘာလူသားကိုကယ်တင်ရန် ကောင်းကင်ဘုန်းစည်းစိမ်ကိုစွန့်ပြီး နှိမ့်ကျလှသော ဤကမ္ဘာမြေပေါ် ဆင်းကြွလာခဲ့ပြီးလူသူမသိ ဆင်းရဲနုံချာစွာ ကြီးပြင်းလာကာ ကယ်တင်ခြင်းလုပ်ငန်းစဉ်ကို အသက်သုံးဆယ်မှာ တရားဝင် စတင်ခဲ့တယ်။ သူ့အံ့ဖွယ်ကောင်းသော တန်ခိုးလက္ခဏာ၊ စိတ်ဝင်စားစရာကောင်းသော ပုံဥပမာများ၊ ကရုဏာကြင်နာစကား၊ ကုသခြင်းတွေကြောင့် ခရစ်တော်၏တရားထွန်းထွန်းပေါက်ပေါက်အောင်မြင်ခဲ့သည်။ တရားဒေသနာကို အားကြိုးမာန်တက်ဟောပြောနေရင်း မနာလိုသူတစ်ချို့တို့၏ ပြစ်တင်စွပ်စွဲမှုကို ရင်ဆိုင်ခဲ့ရသလို၊ နောက်ဆုံးတွင် အလွန်လေးလံပြီးထမ်းရန်ခက်ခဲသော လက်ဝါးကားတိုင်ကိုထမ်းကားတိုင်ပေါ်မှာ အသတ်ခံခဲ့ရသည်။ သို့သော် ခရစ်တော်သေခြင်းအားဖြင့် ခမည်းတော်၏ဘုန်းတော်ထင်ရှားစေခဲ့ပြီး လူသားတစ်ရပ်လုံးအတွက် ကယ်တင်ခြင်းသတင်းကောင်းကို ဆောင်ယူပေးခဲ့သည်။ ဒုက္ခနဲ့တွေ့ကြုံရသောအခါ မျှော်လင့်ချက်မပျောက်ဆုံးဘဲ ခရစ်တော်ယူဆောင်လာပေးသော သုခချမ်းသာကို အစဉ်မျှော်ကိုးရင်းနေ့စဉ်နှင့်အမျှခံထမ်းရသောကားတိုင်ကို ဝမ်းမြောက်သောစိတ်ဖြင့်ထမ်းကြရမှာဖြစ်ပါသည်။ ထို့အပြင် ခရစ်တော်သည်ခမည်းတော်အလိုတော်ကို အမြဲဆောင်ရွက်ခဲ့သလိုမျိုး ယုံကြည်သူတစ်ဦးစီသည် မိမိ၏အလိုဆန္ဒကိုအသေခံပြီး ဘုရားရှင်အလိုတော်ကို လုပ်ဆောင် ကြရမည်ဖြစ်ပါသည်။ ဘုရားရှင်အလိုတော်ကို သိနိုင်ဖို့ရန်အတွက် ဝိညာဉ်တော်ဘုရားအလင်းပေးမှုကို နေ့စဉ်တောင်းခံကြရပါမည်။ ကျိုးနွံနာခံတတ်ရပါမည်။ သို့မှသာ ဝိညာဉ်တော်ဘုရား ကျွန်ုပ်တို့ဘဝမှာ ဆက်လက်အလုပ်လုပ်ပြီး ကျွန်ုပ်တို့ကိုကိုယ်တော်ရှင်၏အလိုတော်အတိုင်းရှင်သန်နိုင်ရန် ကူညီလမ်းပြပေးမှာဖြစ်သည်။ ထို့ကြောင့် ခရစ်တော်၌ယုံကြည်သူပေါင်းတို့ ဒုက္ခအခက်ခဲကြား၌ ကိုယ်တော်ရှင်အလိုတော်ကို ရှာဖွေတွေ့ ရှိပြီး အလိုတော်အတိုင်း ရှင်သန်နိုင်ကြပါစေ။