11.8.2024- 19th Sunday in Ordinary Time
သြဂုတ်လ ၁၁ ရက်၊ ၂၀၂၄၊ ၁၉ကြိမ်မြောက်သာမန်ကာလ တနင်္ဂနွေနေ့
1st 1Kings 19;4-8 - 2rd Eph 4:30-5:2
Gospel (Jn 6:41-) ရှင်ယောဟန် ၆း၄၁
Reflection by Novices (SdP)
Posted by Sr. Benedetta Myat Hnin Nwe,ISR
ကျွန်ုပ်တို့အားလုံး ကယ်တင်ခြင်းခံရဖို့ရန် ဘုရားသခင်သည် သူ၏တစ်ပါးတည်းသော သားတော်ကို ဤလောကသို့ ကြွလာခြင်းကကျွန်ုပ်တို့၏ အပြစ်ကို စီရင်ဖို့မဟုတ်ပါ ကျွန်ုပ်တို့အားလုံး ထာဝရအသက်ရနိုင်ရန် သွန်သင် ရှင်သန်ပြဖို့ ကြွလာခြင်းဖြစ်ပါသည်။ဤကနေ့ ဧဝံဂေလိကျမ်းထဲ၌ သခင်ခရစ်တော်က“ငါသည်အသက်မုန့်ဖြစ်၏ငါ့ကိုယုံကြည်သောသူသည် ထာဝရအသက်ရမည်ဖြစ်ကြောင်းပြောပြနေပါသည်။ ကျွန်ုပ်တို့သည် တနေ့သ၌ ဧကန်မုချ ဤလောထဲ၌ ထွက်ခွါသွားရမှာဖြစ်ပါသည်။ ထို့ကြောင့် သခင်ခရစ်တော်သည် ကျွန်ုပ်တို့အား ကယ်တင်ခြင်းရဖို့ရန်အလိုဆန္ဒရှိသည်။သူလက်ဝါးကားတိုင်ပေါ်မှာ အသေခံသည့်နည်းဖြည့် ကျွန်ုပ်တို့ကိုချစ်ခဲ့သည်။ ကျွန်ုပ်တို့၏ဘိုးဘေးတို့သည် တောကန္တရ၌မန္နာမုန့်ကိုစား၍ သေဆုံးခဲ့ကြသည်။သို့သော်ဤယနေ့ခေတ်၌ကျွန်ုပ်တို့အားလုံးထာဝရအသက်မုန့်ကိုယုံကြည်ခြင်းဖြင့်ပင့်ယူစားသုံးရန် ဖိတ်ခေါ်ခြင်းခံရသည်။ ထာဝရအသက်မုန့်ဆိုသည်မှာခရစ်တော်ကိုရည်ညွှန်းခြင်းဖြစ်သည်။ ထာဝရအသက်ရဖို့ရန် ကျွန်ုပ်တို့ရဲ့ဘဝမှာခရစ်တော်ကို ပိုင်ဆိုင်ထားရမှာဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ကက်သလစ်ခရစ်ယာန်တစ်ဉီးအနေဖြင့်နေ့စဉ်မစ္ဆားတရားတော်မြတ်၌ ကိုယ်တော်မြတ်ကို ပင့်ယူစားသုံးကြသည်။ ၎င်းသည်ခရစ်တော်ပင်ဖြစ်သည်။ ခရစ်တော်၏ သွေးသားကိုပင့်ယူပြီး နောက်ပိုင်းမှာ ကျွန်ုပ်တို့အပြစ်တွေနောက်ထပ် ထပ်ခါထပ်ခါ မလုပ်မိအောင်ကြိုးစားပြီးရှောင်ရှားရမည်ဖြစ်သည်။ သို့မှသာ ကျွန်ုပ်တို့ပင့်ယူခဲ့သောခရစ်တော်သည် ကျွန်ုပ်တို့၏ နှလုံးသားထဲကျိန်းဝပ်ကာ ကောင်းသောအရာတွေလုပ်ဖို့နှင့်ချစ်ခြင်း၊ သနားခြင်းတွေပြသဖို့ နိုးဆော်ပေးပါလိမ့်မည်။ ကျွန်ုပ်တို့မည်သူမျှ သခင်ယေဇူးကို မမြင်ဖူးကြပေ။ သင်၌သင်မမြင်ဖူးဘဲ သေဆုံးသွားသော ဘိုးဘွားရှိ ကြောင်းသင်ယုံကြည်သလို သင်နေ့စဉ်ပင့်ယူနေသော မုန့်တော်ထဲ၌ သခင်ယေဇူးအမှန်တကယ် ကျိန်းဝပ်ကြောင်းယုံကြည်နိုင်ပါသည်။ ထာဝရအသက်ရဖို့ကျွန်ုပ်တို့၏ဘဝမှာ သခင်ယေဇူးသည် အလွန်အရေးကြီးသူဖြစ်ပါသည်။ထို့ကြောင့် ကျွန်ုပ်တို့၏နေ့စဉ်အသက်တာ၌ ခရစ်တော်၏သွေးသားကို ယုံကြည်ခြင်းဖြင့်ပင့်ယူရင်း အပြစ်ရှောင်ရှားကာ၊ အခက်အခဲပြသနာကို သူ့ထံအပ်နှံပြီးထာဝရအသက်လမ်းသို့ လျှောက်လှမ်းကြပါစို့။ သင်တို့အားလုံးအပေါ် ဘုရား၏ကောင်းကြီးတော်အစဉ်သက်ရောက်ပါစေ။