12.8.2024 - 19th week of Monday in Ordinary Time
Matthew 17: 22-27 -ရှင်မာတေးဦး ၁၇း၂၂-၂၇
St. Jane France de Chantal
Reflection By Sr. Rose SdP
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ပျော်ရွှင်အောင်မြင် စိတ်အလှဆင်..ဓမ္မတရားဘုရား၏စကား***ဥစ္စာစည်းစိမ်း၌အသက်မတည်သ၍ ထာ၀ရကောင်းကင်ကိုပိုင်ဆိုင်မည်။အများအတွက် အခွန်တော်ထည့်ရန်နိုးဆော်ခဲ့သော်လည်း ကိုယ်ကိုတိုင်ကအခွန်လွတ်ချင်ကြသည်။ မတရားအုပ်ချုပ်သူအာဏာရှင်အချို့နည်းတူဖြစ်ကြသည်။ သခင်ခရစ်တော်ခေတ်ကတည်းက အာဏာရှိပုဂ္ဂိလ်များလည်း ထို့အတူ ကိုယ့်မိသားစုအဖို့လွတ်ငြိမ်းခွင့်ရယူပြီး သူတစ်ပါးအား မရမချင်း တောင်းခံပုံကိုတွေ့ရှိရသည်။သခင်ခရစ်တော်မေးလိုက်သည့်မေးခွန်းက “ဤသို့ဖြစ်လျှင်သူတို့၏သားများ ထံမှလော့၊ သူတစ်ပါးတို့ထံမှလော့ဟုမေးခဲ့သည်။ သူတို့က သားများကိုအခွန်လွတ်ငြိမ်းခွင့်ပေးကြသည် ဟုဆိုခဲ့သည်။ လောကီလူသားတို့သတ်မှတ်ချက်ကို ကိုယ်တော်ရှင်သည် မဆန့်ကျင်ခဲ့ပါ။ သို့သော် ကိုယ်တော်သည်စင်္ကြာ၀ဌာတန်ခိုးရှင်ဖြစ်တော်မူသဖြင့် အရာအားလုံးကို စိုးပိုင်သောသခင်ဖြစ်သည့်အတွက် ပေတရုကို ငါးပါးစပ်က ငွေဒဂႅါးကိုရယူစေခဲ့သည်။ ကျွန်ပ်တို့လည်း မကြာခဏအခက်အခဲ အကြပ်အတည်းကြုံရတတ်သည်။ မတရားမှု တွေခံရတတ်သည်။တန်ခိုးတော်ရှင် ဘုရားကို မမေ့မလျော့ဘဲ သူ့ထံမှ အားကိုးယုံကြည်စွာဖြင့် အသနားခံခြင်း၊ အလင်းကျေးဇူးတောင်ခံခြင်းဖြင့် ၎င်းမတရားမှုကို ရဲ၀ံ့စွာခံထမ်းနိုင်ရန်ဘုရားသခင်ထံ ခွန်အားအလင်းကျေးဇူးတော်ကို တောင်းခံသွားကြပါစို့။