13.8.2024 - 19th week of Tuesday in Ordinary Time
သြဂုတ်လ ၁၃ ရက်၊ ၂၀၂၄၊ ၁၉ကြိမ်မြောက်သာမန်ကာလ အင်္ဂါနေ့
Ez 2;8-3;4, Matthew 18: 1-5,10,12-14-ရှင်မာတေးဦး ၁၈း၁-၅,၁၀,၁၂-၁၄
St. Pontian, Pope & St. Hippolytus, Priest, Martyrs
Reflection By Sr. Rose SdP
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ဤယနေ့ ဧ၀ံဂေလိကျမ်းမှာအကြောင်းအရာအပိုင်းနှစ်ပိုင်းတွေ့ရှိရသည်။ ပထမအပိုင်းသည် ကောင်းကင်နိုင်ငံသည်အပြစ်ကင်းစင်သည့်ကလေးသူငယ်နှင့် နှိုင်းယှဉ်ထားသည်။ ဒုတိယအပိုင်းက ပျောက်သွားသောသိုးတစ်ကောင်အကြောင်းတို့ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်ကျမ်းစာ၌ ကောင်းကင်နိုင်ငံသည် ကလေးသူငယ်ကဲ့သို့ ဖြူစင်ရိုးသားသူများ၊ဘုရားရှင်၏ ဘုန်းတော်ထင်ရှားပေါ်လွင်စေသည့်အတွက်ဖြစ်သည်ဟု အတိအလင်း ပြောထားသည်။အထင်အမြင်လွဲစရာတစ်ခုသည် childish လိုကလေးဆန်ခြင်းမျိုးမဟုတ်ဘဲ၊ ကိုယ့်ကိုကိုယ်ချစ်တတ်ခြင်း၊သူတစ်ပါးကို နားလည်ပေးနိုင်ခြင်း၊ ကိုယ်ချင်းစာနာတတ်ခြင်း၊ ခွင့်လွတ်တတ်ခြင်းသည် ရိုးသား၊ဖြူစင်ခြင်းတို့၌တွေ့ရသဖြင့် သူတို့ကိုဘုရားသခင်နှစ်သက်သလို လူတွေ၏ ချစ်ခင်နှစ်သက်ခြင်းကိုလည်းခံရပါသည်။မိသားစုတစ်စုတွင် အများအားဖြင့်ဆိုးပေတေသူတစ်ဦးပါလေ့ရှိသည်။ ဆိုးသည့်သားသမီးကို မိဘကပိုပြီးဂရုစိုက်လေ့ရှိသည်ကိုတွေ့ရသည်။ ထိုနည်းတူလမ်းမှားရောက်နေသူတစ်ဦး မိမိအပြစ်အတွက်နောင်တနှင့်ပြန်လာလျှင်ဘုရားရှင်၏ ရွှေစိတ်တော်၀မ်းမြောက်ပျှော်ရွှင်ရသလို၊ မိဘ၊ မောင်နှမ မိတ်ဆွေများလည်းပျှော်ရွှင်ကြမှာ အမှန်ပင်ဖြစ်သည်။ကျွန်ပ်တို့ အသက်တာသည်လည်း ကိုယ်ကိုနာကြင်မှုမဖြစ်အောင် အရာအားလုံးကိုအကောင်းမြင်တတ်ပေးသူ၊ ဒေါသကိုထိန်းချုပ်နိုင်ခြင်း၊ ခွင့်လွတ်ပေးတတ်ခြင်းက စိတ်ချမ်းသာနှလုံးအေးသည့်ဆေးဖြစ်မှာပါ။