Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-08-13 05:50:51

14.8.2024- 19th week of Wednesday in Ordinary Time
သြဂုတ်လ ၁၄ ရက်၊ ၂၀၂၄၊ ၁၉ကြိမ်မြောက်သာမန်ကာလ ဗုဒ္ဓဟူးနေ့  
Ez 9;1-7,10;18-22 - Matthew Mt 18;15-10-ရှင်မာတေးဦး ၁၈း၁၅-၁၀
St. Maximillian Kolbe, Priest, Martyr
Reflection By Sr. Rose SdP
Posted by Sr. Benedetta Myat Hnin Nwe(ISR)

အပြစ်ပြုသောသူကို သွန်သင်ဆုံးမခြင်းဤယနေ့ ဧဝံဂေလိကျမ်း၌အပြစ်ပြုသူကို သွန်သင်ပေးခြင်းနှင့်အတူတကွ စိတ်တူသဘောတူ ဆုတောင်းခြင်းအကြောင်းကို တွေ့ရှိရသည်။ တစ်ခါတစ်ရံ ကျွန်ုပ်တို့ မိတ်ဆွေထဲမှသို့မဟုတ် ကိုယ်ကို၌ကလည်းဖြစ်တတ်သည်။ လူစည်းမျဉ်း၊ စည်းကမ်းဥပဒေ၊ အသင်းဂိုဏ်းကချမှတ်သည့်ဥပဒေကို ကလန်ကဆန်ပြုခြင်း၊ အသိုင်းအဝိုင်းနှင့်ဆန့်ကျင်ဘက်ပြုမိတတ်ကြသည်။ ထို့ကြောင့် သူတို့ကိုပြုပြင်ပြောင်းလဲစေပါက ဦးဆုံးတစ်ဦးတည်းကို ဆွေးနွေးတိုင်ပင်ပါ။ မရလျှင်ကောင်စီ၀င်များနှင့်လုံးဝလက်မခံလျှင် အဖွဲ့အစည်း၊ အသင်းဂိုဏ်းမှထုတ်ပစ်ရန်လူ့စည်းမျဥ်းဥပဒေလည်းရှိကြပါသည်။ဆုတောင်းခြင်းသည် ဘုရားတစ်ဆူကိုသာဦးတည်ပြီး ရှိခိုးဝတ်ပြုကြပါသည်။ အတူတကွဆုတောင်းရာ၌ ကိုယ်စိတ်နှလုံးငြိမ်းချမ်းခြင်း၊ မိသားစုငြိမ်းချမ်းချင်ကြပါသည်။ မိသားစုငြိမ်းချမ်းပါမှရပ်ရွာ၊ တိုင်းပြည်ငြိမ်းချမ်းမှာပါ။ စိတ်နှိမ့်ချမှုမရှိခြင်း၊ ကိုယ့်အတ္တကိုသာရယူလိုစိတ်တစ်ခုသာဖြစ်လျှင်တောင်းနေရင်း၊ ရတစ်မျိုး၊ မရတစ်မျိုးပြောင်းလဲတတ်သည့်လူ့စိတ်ဓါတ်ကို ဘုရားရှင်သိတော်မူသဖြင့်၊ ကမ္ဘာမြေပေါ်မှာမချည်နှောင်ပဲ၊ နှစ်ဦးသုံးဦးအတူတကွ စိတ်တူသဘောတူ ဘုရားရှင်တစ်ပါးတည်းကို ဦးထိပ်ထားဆုတောင်းလျှင်ကျွန်ုပ်တို့ အလယ်မှာအသက်ရှင်သော ဘုရားသခင်နှင့်အတူရှိနေပြီး ကောင်းကင်နိုင်ငံတက်လှမ်းရန်လှေကားထစ်တဖွယ်ဖြစ်နေမည်ဖြစ်သည်။

Daily Reflection