Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-08-15 05:05:58

16.8.2024 – 19th week of Friday in Ordinary Time
သြဂုတ်လ ၁၆ ရက်၊ ၂၀၂၄၊ ၁၉ကြိမ်မြောက်သာမန်ကာလ သောကြာနေ့  
St. Stephen of Hungary
Reflection by Sr.Nang Mya Sein,SdP
Posted by Sr. Benedetta Myat Hnin New(ISR)
Matthew19:3-12 -  ရှင်မာတေးဦး ၁၉း၃-၁၂   

ဒီကနေ့ဧ၀ံဂေလိကျမ်းစာမှာ ဖာရီဇေဦးများက သခင်‌ယေဇူးကိုစုံစမ်းလိုတဲ့အကြံအစည်နဲ့ ‘’လူတစ်ဦးသည်မည်သည့်အကြောင်း‌ကြောင့်မဆို မိမိ၏ဇနီးနှင့်ကွာရှင်းအပ်ပါသ‌လော’’ ဆိုပြီးမေးတဲ့အခါ သခင်‌‌ယေဇူးက ဘုရားသခင်လူကိုဖန်ဆင်းတဲ့အချိန်ကတည်းကရှိခဲ့တဲ့ကနဦးရည်ရွယ်ချက်ဖြစ်တဲ့နှစ်ဦးတစ်သားတစ်ကိုယ်ဖြစ်ခြင်း၊ သန့်ရှင်းခြင်းစုံလင်သောချစ်ခြင်းအခြေအနေကို ပြန်လည်မီးမောင်းထိုးပြဖြေပေးခဲ့တယ်။ကျမ်းတတ်ဆရာများရဲ့မေးခွန်းဟာ ယောကျ်ားနဲ့ မိန်းမကိုဖန်ဆင်းခြင်း၊လူသားနှစ်ဦးတို့ရဲ့လက်ထပ်ထိမ်းမြားခြင်း ကနဦးရည်ရွယ်ချက်နဲ့လုံး၀ဆန့်ကျင်ကြောင်းသက်သေပြခဲ့ပါတယ်။“သင်တို့၏နှလုံးခက်ထန်ခြင်းကြောင့်”လို့ဆိုပြီးကာလအဆက်ဆက်လူ့လောကအဖြစ်အပျက်အားလုံးအကြောင်းရင်းနဲ့ပြသနာအရင်းအမြစ်ကိုရည်ညွန်းလိုက်ပါတယ်။ (ရှင်မာကု၇း၂၁,၂၃)။မိမိအတွက်၊မိမိမိသားစုအတွက်၊လူ့အသိုင်းအ၀ိုင်းတခုလုံးကောင်းကျိုးအတွက်လူတိုင်းမှာဖြူစင်တဲ့နှလုံးသားရှိဖို့လိုပါတယ်။ ကိုယ်နဲ့ အနီးစပ်ဆုံး သူအတွက်ထည့်စဥ်းစားခြင်းမရှိပြန်ရင်လည်းသူ့ရွေးချယ်မှုကနေ ပျော်ရွှင်မှုအပြည့်အ၀ မရနိုင်ပြန်ပါဘူး။ဘာ‌ကြောင့်လဲဆိုတော့ ပျော်ရွှင်မှုအစစ် လူတိုင်း ကိုယ်စီတာ၀န်ယူမှုအပြည့်အ၀နဲ့တဦးကတစ်ဦးအတွက်စဥ်းစားပေးမှပျော်ရွှင်မှုစစ်မှန်ပြီးရေရှည်ခံမှာဖြစ်ပါတယ်။ ဒီလိုအခြေအနေကိုရောက်ဖို့လူတိုင်းကကိုယ့်ရဲ့နှလုံးသားအလိုကိုသေချာသိမြင်ပြီးသင့်တင့်မျှတွေးချင့်ချိန်တတ်ဖို့လိုအပ်ပါတယ်။ဖန်ဆင်းခြင်းအစမှာဘုရားသခင်ကသူ့ရဲ့ဖန်ဆင်းခံလက်ရာတွေကိုကြည့်ပြီး‘’ကောင်းမြတ်တယ်’’လိုမှတ်ချက်ပြုပြီးလူကိုဖန်ဆင်းပြီးတဲ့အခါမှာတော့‘’အလွန်ကောင်းမြတ်တယ်’’လို့မှတ်ချက်ပြုခဲ့တယ်။ ဘာဖြစ်စ်လို့လဲဆို‌ တော့လူ့ရဲ့နှလုံးသားထဲမှာရောအဖြစ်အရှိအခြေအနေမှာပါအပြစ်တရားမရှိသေးလို့လူနဲ့ဘုရားကြားဆက်ဆံရေး၊လူလူချင်းဆက်ဆံရေး၊လူနဲ့သဘာ၀တရားကြားဆက်နွယ်မှုနဲ့လူသားနဲ့မိမိကိုယ်ကိုယ်ဆက်နွယ်မှုမှာဘာအဖုအထစ်မှမရှိသေးတာကြောင့်ဖြစ်တယ်။အဲ‌တော့‘’နှလုံးသား ခက်ထန်ခြင်း”ဆိုတာကို ဒီအရာတွေ အားလုံးသဟဇာတမရှိခြင်းရဲ့ပြယုဒ်ဖြစ်ပါတယ်။ကျွန်ုပ်တို့တစ်ဦးစီရဲ့နှလုံးသားကိုဘုရား၏နှုတ်တော်ထွက်စကားလမ်းညွန်မှုကိုခံယူဖို့ကြိုးစားကြပါစို့။

Daily Reflection