21.8.2024– Wednesday of 20th week in Ordinary Time
သြဂုတ်လ ၂၁ ရက်၊ ၂၀၂၄၊ ၂၀ကြိမ်မြောက်သာမန်ကာလ ဗုဒ္ဓဟူးနေ့
St. Pius X, Pope
Reflection by Sr.Isabella,SdP
Posted by Sr. Benedetta Myat Hnin New(ISR)
Ez 34;1-11, Matthew 20;1-16- ရှင်မာတေးဦး ၂၀း၁-၁၆
**စပျစ်ဥယာဥ် အလုပ်သမားတို့၏ ပုံဥပမာ**ကိုယ်တော်ရှင်သည် စပျစ်ဥယျာဥ် ပိုင်ရှင်အဖြစ်တင်စားထားပါသည်။သူ့ဥယာဥ်ခြံထဲမှာလူမျိုးမရွေးအဆင့်အတန်းမရွေး အလုပ်လုပ်ဖို့ ဖိတ်ခေါ်ခဲ့ပါသည်။ မိုးလင်းမှမိုးချုပ်ထိအလုပ်လုပ်သူတွေ၊ နေ့တစ်ဝက်လုပ်သူတွေ၊ ညနေစောင်းမှ အလုပ်ဝင်သူတွေ အားလုံးကိုအဖိုးအခညီတူညီမျှပေးခဲ့ ပါသည်။အလုပ်လုပ်သူတွေ အားလုံးဒေနာရီ တစ်ပြားစီလုပ်အားခရဖို့ သဘောတူညီမှုနှင့်လုပ်ဆောင်ခဲ့သူတွေဖြစ်သည်။သို့သော်အချိန်ရော်လာသောအခါ လုပ်အားခညီတူညီမျှရခြင်း အပေါ် နံနက်အလုပ်ဝင်ချိန်မှာ အလုပ်ဝင်သောသူ ပိုရနိုင်မည်ဟုမျှော်လင့်ခဲ့ကြသော်လည်း တန်းတူရသောအခါ မကျေနပ်မှုညည်းညူသံတွေ ထွက်လာပါသည်။သို့သော် တရားဖြောင့်မတ်သောဥယျာဥ်ပိုင်ရှင်က သူလုပ်ဆောင်ရမည့်ကတိအတိုင်း လုပ်ဆောင်ခဲ့သည်ကို တွေ့ရပါသည်။ဤဥပမာလေးကိုကြည့်ခြင်းအားဖြင့် ဥယျာဥ်ပိုင်ရှင် ကယ်တင်ရှင်ယေဇူးဘုရားကိုရည်ညွန်းခြင်းဖြစ်သလိုအလုပ်သမားတွေက ကျွန်ုပ်တို့တစ်ဦးစီဖြစ်နေပါသည်။ငယ်စဥ်ကတည်းက ကိုယ်တော်ရှင်၏ဥယျာဥ်ထဲမှာရှိသောကျွန်ုပ်တို့တစ်တွေပညတ်တော်ကျင့်ဝတ်ကို ကောင်းစွာလိုက်နာကျင့်ဆောင်မည်ဆိုလျှင် တစ်နေ့ကိုယ်တော်ရှင်ပေးသော အဖိုးအခအဖြစ်ကောင်းကင်နိုင်ငံတော်ကို ရရှိမှာဖြစ်သလို နောက်ဆုံးမှဝင်သောသူတွေလည်း သူတို့၏နောင်တ တရားနှင့်အတူပြုပြင်ပြောင်းလဲမည်ဆိုပါက သူတို့လည်းကိုယ်တော်ရှင် ကတိထားသောကောင်းကင်နိုင်ငံကို ရရှိမှာသေချာပါသည်။နေ့စဥ်ရှင်သန်သော အသက်တာမှာ မာနာလိုမှုတွေကင်းပြီး ကိုယ်တော်ရှင်အတွက် သစ္စာရှိသော အလုပ်သမားကောင်းများ ဖြစ်ကြရင်း အလွန်ဖိုးထိုက်တန်သော ကောင်းကင်နိုင်ငံတော်ကို အဖိုးအခအဖြစ်ရရှိကြမှာ ဖြစ်ပါသည်။အိုအလွန်အဖိုးထိုက်လှသော ကောင်းကင်ဥယျာဥ် ပိုင်ရှင်ဖြစ်တော်မူသော ယေဇူးဘုရားရှင်တပည့်တော်တို့တစ်ဦးစီသည် ကိုယ်တော်ရှင်၏ ဥယျာဥ်ထဲမှာ သစ္စာရှိသောတာဝန်ကျေသော အလုပ်သမားကောင်းများဖြစ်စေတော်မူပါ။ အာမင်။