Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-08-20 23:14:33

22.8.2024 – Thursday of 20th  week in Ordinary Time
သြဂုတ်လ ၂၂ ရက်၊ ၂၀၂၄၊ ၂၀ကြိမ်မြောက်သာမန်ကာလ ကြာသပတေးနေ့  
Our Lady, Mother and Queen
Reflection by Sr. Teresa Aung Lang,SdP
Posted by Sr. Benedetta Myat Hnin New(ISR)
Ez 34;1-11, Luke 1:26-38 - ရှင်လုကာ ၁: ၂၆-၃၈)

*ထောက်ရှုချက်*မာရိယားထံကောင်းကင်တမန်လာရောက်လည်ပတ်ခြင်း၊ အမိန့်တော်ပြန်ခြင်းသည် ဓမ္မဟောင်းကျမ်း၏ မတူညီသော အမျိုးသမီးများထံဘုရားသခင်၏ လာရောက်လည်ပတ်ခြင်းအကြောင်း ကျွန်ုပ်တို့အားအမှတ်ရစေသည်။ သူတို့အားလုံးသည် ဘုရားသခင်၏ မြော်မြင်စီမံမှုတွင် အရေးကြီးသော တာဝန်များကိုအမျိုးသမီးများမှ ထမ်းဆောင်ခဲ့ကြသည်။ ကိုယ်ဝန်ဆဋ္ဌမလရှိပြီဖြစ်၍ သားဦးမွေးဖွားမည်ဖြစ်သောကြောင့် အကူအညီကိုမျှော်လင့်နေသော အသက်အရွယ်ကြီးရင့်လာသည့် အမျိုးသမီးတစ်ဦးဖြစ်သော ဧလိဇဘက်၏ လိုအပ်ချက်ကို တွေ့ရပါသည်။ ကျွန်ုပ်တို့သည်လည်း အကူအညီကိုလိုအပ်နေသည့်ညီအစ်ကိုမောင်နှမများကိုကူညီရန်ဖိတ်ခေါ်နေပါသည်။ အထူးသဖြင့် တိုင်းပြည်၏မငြိမ်သက်မှုကြောင့် ဒုက္ခအခက်ခဲရောက်နေကြသောသူများကိုသတိရကြပါစို့။မာရီယားကဲ့သို့ ကိုယ်တိုင်သွားရောက်မကူညီနိုင်ခဲ့သော် ဆုတောင်းခြင်း၊ အားပေးစကားပြောပေးခြင်း၊ သူတို့၏ ရင်ဖွင့် သံကိုနားထောင်ပေးခြင်းနှင့် တခြားသောနည်း လမ်းများဖြင့်လည်း ကျွန်ုပ်တို့ အချင်းချင်း ကူညီ ရိုင်းပင်း ကြရန် မယ်တော်မာရီယား လမ်းပြပေးနေပါသည်။မာရိယားသည် နှုတ်ဆက်ခြင်းအတွက် အံ့အားသင့်သွားပြီး ထိုစကားလုံးများ၏အဓိပ္ပါယ်ကိုနားလည်ရန် ကြိုးစားသည်။ ကောင်းကင်တမန်က မာရိယားအား“မကြောက်နဲ့” ဟု ဇာခရိထံ ကောင်းကင်တမန် လည်ပတ်မှုတွင် ဖြစ်ပျက်ခဲ့သကဲ့သို့၊ နှုတ်ခွန်းဆက်စကားဆိုသည်ကိုတွေ့ရသည်။ ကောင်းကင်တမန်သည် မွေးဖွားမည့်သားနှင့် ယေဇူး၏နာမတော်ကို ခံယူရမည့်သူအား ကျေးဇူးတင်ရမည့်အတိတ်ကတိတော်များကို ချက်ချင်းပြန်သတိရစေခဲ့သည်။*အမြင့်ဆုံးသော ဘုရား၏သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းခံရမည်၊ ထိုသူ၌ ဘုရားသခင်၏နိုင်ငံတော်ပြည့်စုံလိမ့်မည်*ဟုမာရီယားအား မကြောက်ရန် ကောင်းကင်တမန်တော် ရှင်းပြခဲ့သည်။ ကျွန်ုပ်တို့ကိုလည်း ဒုက္ခ အခက်ခဲရောက်ချိန်တွင် နားလည်ရန်ကြိုးစားကောင်းကြိုးစားကြလိမ့်မည်။ ဒုက္ခအခက်ခဲရောက်ချိန်၊ နက်နဲသောဘ၀၏ ဒုက္ခပြဿနာများနှင့် ရင်ဆိုင်ကြုံတွေ့ရချိန်တွင် မကြောက်ကြရန်တစ်ယောက်ချင်းစီအား ခွန်အားပေးနေပါသည်။ဖန်ဆင်းခြင်း၏အရှင်ထာ၀ရဘုရားသည်ကျွန်ုပ်တို့နှင့်အတူအမြဲရှိနေသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ဒုက္ခပြဿနာ၊အခက်ခဲများကိုဖယ်ရှားပေးတော်မမူ။ထိုအရာများကိုခံထမ်းနိုင်ရန်၊ကျော်လွှားနိုင်ရန်ခွန်အားကျေးဇူးများကိုပေး၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျွန်ုပ်တို့လက်ခံသောအခါ၊ သန့်ရှင်းသော ဝိညာဉ်တော်၏တန်ခိုးကြောင့် အသစ်သောအရာများဖြစ်ပေါ်လာပါသည်။ အပျိုမှမွေးသောသား သို့မဟုတ်မြုံသောဧလိဇဘက်ကဲ့သို့ အမျိုးသမီးတစ်ဦးမှ မွေးဖွားသောသားကဲ့သို့ အံ့သြစရာကောင်းသည့်အရာမရှိနိုင်တော့ပါ။ဘုရားသခင် မတတ်နိုင်သောအရာ အဘယ်အရာမျှမရှိ။ ထို့ကြောင့် မယ်တော်မာရီယားကဲ့သို့ကျွန်မသည်သခင်ဘုရား၏လက်၌ ဖြစ်၏၊ ကိုယ်တော်၏အလိုတော်အတိုင်း ကျွန်မ၌ဖြစ်ပါစေဟု ဘ၀ကိုအပ်နှံနိုင်ရန် ဆက်လက်ကြိုးစားကြပါစို့။ မယ်တော်မာရီယား၏ "ဟုတ်ကဲ့"သည် လူသားအားလုံးကိုကယ်တင်ခဲ့သည်။ ကောင်းကင်နှင့်မြေကြီးကို ဆက်သွယ်ပေးသော တံတားဖြစ်သည်။ ဟေရှာယကျမ်းတွင် လူတို့၏တာဝန်ကိုအခွင့်ထူးအဖြစ်မဟုတ်ဘဲ အခြားလူများအတွက်ဝန်ဆောင်မှုပေးခြင်းအဖြစ် ကိုယ်စားပြုကြောင်းတွေ့ရသည်။

Daily Reflection