27.8.2024 - Tuesday of week 21 in Ordinary Time
သြဂုတ်လ ၂၇ရက်၊ ၂၀၂၄၊ ၂၁ကြိမ်မြောက်သာမန်အင်္ဂါနေ့
St. Monica
2 Thessalonians 2;1-3,14-17- Matthew 23;23-26
Reflection by Sr. Christopher ,SdP
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ဤယနေ့ ဧဝံဂေလိကျမ်း၏ထောက်ရှုချက်များ သခင်ယေဇူးက ကျမ်းတတ်ဆရာနှင့်ဖာရီဇေဉီးတို့၏လုပ်ရပ်ကိုကြည့်ပြီး မင်္ဂလာစကားကိုတောက်လျှောက်မိန့်ဆိုခဲ့သည်။အဘယ်ကြောင့်ဆိုသော် သူတို့၏ဟောပြောသွန်သင်သည့်အရာများနှင့်လက်တွေ့လုပ်ဆောင်ချက်မှာ ကိုက်ညီမှု မရှိသည့်အတွက်ကြောင့်ဖြစ်သည်။ ထို့အပြင်သူတို့၏အတွင်းစိတ်နှလုံးကို ဦးစွာစင်ကြယ်အောင်ပြုလုပ်ရန်တိုက်တွန်းခဲ့သည်။ သခင်ခရစ်တော်သည် ဖာရီစေဦးတို့ကို တိုက်တွန်းသကဲ့သို့ကျွန်ုပ်တို့တစ်ဦးစီကိုလည်းပြောနေခြင်းဖြစ်သည်။ ထို့ကြောင့်ကျွန်ုပ်တို့သည်လည်း ကျွန်ုပ်တို့ ဟောပြောသွန်သင်သည့်အရာများ၊ ပြောဆိုပြုမှုသည့် အရာများနှင့် လက်တွေ့ လုပ်ဆောင်ရသော အရာများအားလုံးသည် အတွင်းစိတ်နှလုံးမှ လာသည့်အတွက် မိမိတို့၏ အတွင်းစိတ်နှလုံးကို အမြဲတမ်းဖြူစင်သန့်ရှင်းစွာ ထားရှိရန်လိုအပ်ပါသည်။ မိမိဟောသည့်တရား၊ ပြောသောစကားများသည်လက်တွေ့ကျင့်ကြံနိုင်မှသာ သူတစ်ပါးကိုသွန်သင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့်ကျွန်ုပ်တို့သည်လည်း ဖာရီဇေဦးနှင့်ကျမ်းတတ်ဆရာများကဲ့သို့ မဖြစ်အောင်ကြိုးစားကျင့်ကြံ နေထိုင်သွားကြပါစို့။