29.8.2024 - Thursday of week 21 in Ordinary Time
သြဂုတ်လ ၂၉ရက်၊ ၂၀၂၄၊ ၂၁ကြိမ်မြောက်သာမန် ကြာသပတေးနေ့
(The beheading of St. John the Baptist)
Mark 6;17-29 - ဧဝံဂေလိကျမ်း ရှင်မာကု ၆း၁၇-၂၉
Reflection by Sr. Martha, SdP
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ယနေ့ပထမကျမ်းချက်မှာ ဘုရားရှင်၏ကျေးဇူးတော်သည် ကျွန်ုပ်တို့အပေါ်မှာ အစဉ်အမြဲသက်ရောက်နေကြောင်းကိုသံပေါလုက ပြောထားပါတယ်။ ကမ္ဘာပေါ်ရှိ လူသားတိုင်းကိုတူညီတဲ့ကျေးဇူးတော်တွေ သွန်းလောင်းချပေးထားပါတယ်။ ဆရာတော်တစ်ပါးက ကျေးဇူးတော်မှ ကောင်းချီးတော်ဖြင့်ပြောင်းလဲဖို့ မိမိကိုယ်တိုင်တာဝန်လို့ပြောပါတယ်။ မရေမတွက်နိုင်တဲ့ကျေးဇူးတော်တွေက် လက်ခံပြီး လူသားတွေရဲ့ ကောင်းကျိုးကို ဆောင်ရွက်မလား၊ မဆောင်ရွက်ဘူးလားဆိုတာ ကျွန်ုပ်တို့ ပေါ်မှာပဲမူတည်ပါတယ်။ ဧဝံဂေလိကျမ်းမှာ ဟေရုဒ်မင်းကြီးလည်း တူညီတဲ့ကျေးဇူးတော်မြောက်များစွာကို ရရှိထားပါသည်။သို့ပေမဲ့ သူဟာထိုကျေးဇူးတော်တွေကိုမိမိရဲ့အာဏာနဲ့ထိုင်ခုံတည်မြဲဖို့အတွက် အမှန်တရားကိုထောက်ပြခဲ့တဲ့ရှင်ဟောဟန်ဘတ္တိဇံရဲ့ ဦးခေါင်းကို ဖြတ်ခိုင်းခဲ့တယ်။ ရရှိထားတဲ့ကျေးဇူးတော်ကိုလက်တွေ့လုပ်ဆောင်ချက်မှာ အသုံးပြုမှုမှားယွင်းခဲ့ပါသည်။ ကျွန်ုပ်တို့လက်ခံရရှိထားတဲ့ကျေးဇူးတော်ကို မည်သို့မည်ပုံလုပ်ဆောင်နေလဲဆိုတာကို ပြန်လည်ပြီးထောက်ရှုကြည့်ကြပါစို့။နောက်တစ်ချက်မှာ ကတိဆိုတာပါပဲ ပျော်ရွှင်နေချိန်၊ ဝမ်းနည်းနေချိန်၊ ဒေါသထွက်နေချိန်မှာ ကတိတွေမပေးဖို့ စာရေးဆရာများက ပြောထားပါတယ်။ ဟေရုဒ်မင်းကြီးရဲ့ဖြစ်စဉ်မှာဆိုရင်လည်း သူပျော်ရွှင်နေတဲ့ချိန်မှာပေးလိုက်သောကတိကြောင့်အများကောင်းကျိုးအတွက်လား၊ ဆိုးကျိုးတွေပဲဖြစ်မှာလားဆိုတာကိုကောင်းကောင်းစဉ်းစားပြီးမှကတိဟာပေးဖို့ ကျွန်ုပ်တို့ကို သွန်သင်ပေးနေပါတယ်။ လောကမှာ မိမိရဲ့ အာဏာတွေ၊ ထိုင်ခုံတွေမြဲဖို့ထက် ကျွန်ုပ်တို့ဒီလောကမှစွန့်ခွာပြီးနောင်ဘဝမှာစံစားရမည့် ထာဝရသုခချမ်းသာကို မျှော်ကိုးပြီးကောင်းမှုကုသိုလ်တွေ ပြုလုပ်ရှင်သန်ဖို့ရန်အတွက်ကျွန်ုပ်တို့ကို မီးမှောင်းထို့ပြထားခြင်းဖြစ်ပါတယ်။