31.8.2024 - Saturday of week 21 in Ordinary Time
သြဂုတ်လ ၃၁ရက်၊ ၂၀၂၄၊ ၂၁ကြိမ်မြောက်သာမန် စနေနေ့
Matthew25;14-30 - ဧဝံဂေလိကျမ်း ရှင်မာတေးဦး ၂၅း၁၄-၃၀,1cor 1;26-31
Reflection by Sr. Agnes Kay Thwe Win, SdP
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ကောင်းကင်နိုင်ငံတော်သည်ကားခရီးမထွက်မီအစေခံများကိုခေါ်၍မိမိ၏ဥစ္စာများကိုသူတို့ထံသိုအပ်နှံခဲ့သူတစ်ဦးနှင့်တူ၏။သူသည်အစေခံအသီးသီးတို့၏အရည်အချင်းအလိုက်တစ်ဦးကိုငွေသား အချိန်ငါးတာလင်၊ အခြားတစ်ဦးကိုနှစ်တာလင်၊ ကျန်တစ်းဦးကို တစ်တာလင်ပေးအပ်ပြီးနောက် ခရီးထွက်လေ၏။ ကာလအတန်ကြာသော် ထိုအစေခံတို့၏ သခင်သည်ပြန်လာ၍သူတို့နှင့်စာရင်းရှင်းလေ၏။ ငွေအချိန်တစ်တာလင်ကို လက်ခံရရှိသောသူမူကား ချဥ်းကပ်၍ သခင်၊ သခင်သည် ခက်ထန်သောသူဖြစ်သည်နှင့်အညီ မိမိမစိုက်သောအရပ်၌ ရိတ်သိမ်းတတ်ပြီး မိမိမကြဲသောအရပ်၌စုသိမ်းတတ်ကြောင်းကို ကျွန်ုပ်သိသဖြင့်၊ ကြောက်သောကြောင့် သခင်၏ငွေအချိန်တစ်တာလင်ကို မြေကြီးထဲ၌ဝှက်ထားပါသည်။ အကြောင်းမူကားရှိသောသူတိုင်းအားထပ်၍ပေးသဖြင့်ထိုသူ၌ပိုလျှံနေလိမ့်မည်၊မရှိသောသူထံမှမူကားသူ့၌ရှိသမျှကိုပင်နုတ်ယူသွားလိမ့်မည်။*ထောက်ရှုချက်*ယနေ့ဧဝံဂေလိကျမ်းထဲတွင်ခရီးမထွက်မီအစေခံများကိုခေါ်၍မိမိ၏ဥစ္စာများကိုသူတို့ထံအပ်နှံခဲ့သည့်သခင်တစ်ဦးအကြောင်းကိုကြားနာခဲ့ရသည်။သူတို့၏ အရည်အချင်းအလိုက်ငွေပမာဏကိုပေးခဲ့သည်။ထိုခေတ်ကငွေတစ်တာလင်မှာအလွန်များသည့်ငွေပမာဏဖြစ်သည်။ငွေတစ်တာလင်ကိုရရှိထားသည့်အစေခံသည်သခင်ပြန်လာသည့်ချိန်တွင်“သခင်ကမစိုက်ပျိုးသောအရပ်မှာ ရိတ်သိမ်းတတ်ပြီးမိမိမကြဲသောအရပ်မှာစုသိမ်းတတ်ကြောင်းကိုအကျွန်ုပ်သိသဖြင့်ကြောက်သောကြောင့်ငွေကိုမြေကြီးထဲ၌ဝှက်ထားပါသည်”ဆိုပြီးပြောကြားသည်။ဤဥပမာသည်ကျွန်ုပ်တို့ကိုသင်ကြားပေးနေသည့်အရာမှာကျွန်ုပ်တို့ရရှိထားသည့်အရည်အချင်း၊ဥစ္စာပစ္စည်းများကိုအချည်းနှီးဖြစ်အောင်၊တန်ဖိုးမရှိအောင်မလုပ်ဆောင်သင့်ကြောင်းကျွန်ုပ်တို့ရှိသည့်အရာကိုအမြဲတမ်းပွားများအောင်၊တိုးတက်အောင်လုပ်ဆောင်နေရမည်။ညဥ်းညူးတတ်သောသူသည်အမြဲပျင်းရိပြီးကိုယ့်မှာရှိသည့်အရာပင်ဆုံရှုံးလိမ့်မည်။ထို့ကြောင့်ကျွန်ုပ်တို့မှာရှိသည့်အရာ၊အရည်အချင်း၊ပစ္စည်းဥစ္စာများကိုဘယ်လိုအသုံးပြုနေပြီးအလွဲသုံးစားခြင်းတွေပြုလုပ်နေလား?ကျွန်ုပ်တို့ပြန်လည်ပြီးမိမိကိုဆန်းစစ်ကြပါစို့။