3.9.2024 – Tuesday September ,22nd week in Ordinary Time
စက်တင်ဘာလ ၃ ရက်၊ ၂၀၂၄၊ ၂၂ကြိမ်မြောက်သာမန်ကာလ အင်္ဂါနေ့
Luke 4:31-37- ဧဝံဂေလိကျမ်း ရှင်လုကာ ၄း၃၁-၃၇
Reflection By Sr. Regina May(LWST)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ဘုရားသခင်သည် အားလုံးစုံကိုတတ်နိုင်တော်မူသော ဘုရားဖြစ်ကြောင်း နတ်ဆိုးသိတယ်။နတ်ဆိုးကအရာအားလုံးကိုဘုရားတတ်နိုင်ကြောင်းယုံရင် လူသားတွေဖြစ်တဲ့ကျွန်ုပ်တို့တတွေဟာ ဘုရားကိုသံသယဝင်စရာအကြောင်း မရှိပါဘူး။ တစ်ခါတစ်လေမှာကျွန်ူပ်တို့ဆုတောင်းသံတွေ ဘုရားနားမညောင်းဘူး ဆိုပြီး ဘုရားကို မယုံမကြည်ဖြစ်ပြီးသံသယဝင်တဲ့အချိန်တွေမှာ ဒီကျမ်းပိုဒ်ကိုဖတ်ရှုခွန်အားယူကြစို့။နတ်ဆိုးက“ငါနှင့်ဘာဆိုင်လဲ၊ငါ့ကိုဖျက်ဆီးခြင်းငှာလာသလော” လို့သခင်ယေဇူးကို မေးတယ်။ဒါက ကောင်းသူနဲ့မကောင်းသူတို့ အတူနေလို့မရကြောင်း၊ ဘုရားနဲ့ နတ်ဆိုးအတူနေလို့မရဘူးဆိုတာကို ပြောပြနေခြင်းပဲဖြစ်ပါတယ်။ ကောင်းသောလုပ်ခြင်းတွေကို ဘုရားသားသမီးတွေကပဲလုပ်ပြီးနတ်ဆိုးသားသမီးတွေမှာက မကောင်းတာတွေကိုပဲလုပ်နေမှာဖြစ်တယ်။ အရာရာကိုအကောင်းနှင့် အဆိုး အမှား နှင့်အမှန် ဝေဖန်ခွဲခြား ရှင်သန်နေထိုင်နိုင်ဘုရားရှင်ထံဆုတောင်းကြပါစို့။