4.9.2024 – Thursday September ,22nd week in Ordinary Time
စက်တင်ဘာလ ၄ ရက်၊ ၂၀၂၄၊ ၂၂ကြိမ်မြောက်သာမန်ကာလ ကြာသပတေးနေ့
Luke 4: 38- 44- ဧဝံဂေလိကျမ်း ရှင်လုကာ ၄း၃၈-၄၄
Reflection By Sr. Cecilia Huai Huai (LWST)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
သခင်ခရစ်တော်၏ကုသမှုဖြင့် စီမွန်ရဲ့ယောက္ခမခံစားနေရသော အဖျားရောဂါဝေဒနာမှပျောက်ကင်းစေတော်မူသည့်အကြောင်းတွေ့ရပါသည်။။သူမကဲ့သို့ အစေခံခြင်းအတွက် စံပြနမူနာယူထိုက်သောသူတစ်ဦးဖြစ်ပါသည်။ သူမအနာရောဂါပျောက်ကင်းလို့ ချက်ခြင်းပင်သူတို့ကိုဧည့်ဝတ်ပြုခဲ့သလို ခရစ်တော်၏ လိုအပ်ချက်အတွက်ချက်ခြင်းအစေခံဝတ်ပြုပေးလိုက်သည်မှာ အခြားသူများလိုအပ်မှုတွေအတွက် မိမိအနားယူခြင်းလိုသော်လည်းမိမိအလိုကို ငြင်းပယ်ခဲ့ပြီး ပေးဆပ်ခဲ့ပါသည်။ ဆေးကုသပြီးဆေးရုံမှပြန်လာသူတိုင်း အနားယူဖို့လိုအပ်ပါသော်လည်း စီမုန်၏ယောက္ခမအတွက်ယေဇူးကုသပေးခြင်းကကိုယ်ကာယကုသခြင်းသာမကပဲ စိတ်ဝိညာဉ်ကုသခြင်းလည်းဖြစ်ပါဝင်သည်။ သခင် ယေဇူး၏ကုသခြင်းမှာ ဆရာဝန်မျာကဲ့သို့စိတ်၊ကာယပိုင်းဆိုင်ရာကုသခြင်းမဟုတ်ပဲ ကိုယ်ကာယနှင့်စိတ်၊ဝိညာဉ်ဆိုင်ရာစွဲကပ်နေသောရောဂါဝေဒနာမျိုးစုံကို လုံးလုံလျားလျား ပျောက်ကင်းသွားအောင် ကုသပေးခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့ ကက်သလစ်သာသနာမှာဝိညာဉ် နှင့်ဆိုင်သောကုသခြင်းရရှိဖို့အတွက်အာပတ်ဖြေနားထောင်ဖို့ ဘုန်းတော်ကြီးများရှိနေပေးကြပါသောကြောင့် နောင်တယူအာပတ်ဖြေဖို့လိုသည်။ ကိုယ်ခန္ဓာအတွက် ကျန်းမာခြင်းလိုအပ်သလို ဝိညာဉ်ရေးပိုင်းမှာလဲ ကျန်းမာခြင်းလိုအပ်သောကြောင့်ကြိုးစားကျင့်ကြံကြပါစို့။