Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-09-13 02:51:29

14.9.2024 – Saturday of Week 23rd in Ordinary Time;
စက်တင်ဘာလ ၁၄ ရက်၊ ၂၀၂၄၊ ၂၃ကြိမ်မြောက်သာမန်ကာလ စနေနေ့  
The Exaltation of the Holy Cross . ခရူးစူးကားတိုင်အောင်မြင်ခြင်းပွဲ
John 3: 13-17- ဧဝံဂေလိကျမ်း ရှင်ယောဟန် ၃း၁၃-၁၇
Reflection by Sr. Rebecca Niang San Cing ( L. W. S. T )
Posted by Sr. Benedetta Myat Hnin Nwe(ISR)  

 မိုးဇက်ကတောကန္တာရမှာမွေကိုမြှောက်ထားသလို လက်ဝါးကားတိုင်ပေါ်မှာမြှောက်ထားပြီး အသေခံခဲ့တဲ့သခင်ယေဇူးကို မျှော်ကြည့်ခြင်းက ကျွန်ုပ်တို့ထာဝရအသက်ကို ရရှိဖို့ဖြစ်ပါတယ်။ မွေကိုမြှောက်ထားလို့အကိုက်ခံရတဲ့လူတွေကြည့်တာနဲ့အသက်ချမ်းသာရသလိုသခင်ယေဇူး လက်ဝါးကားတိုင်ပေါ်မှာ မြှောက်ထားခြင်းခံရခြင်းကို ယုံကြည်ခြင်းမျက်စိနဲ့ကြည့်တဲ့သူတိုင်း ပျက်စီးခြင်းသို့မရောက် ထာဝရအသက်ကိုရမှာဆိုပြီး သခင်ခရစ်တော်ကိုယ်တိုင် အတိအလင်းကြေညာဟောပြောခဲ့ပါတယ်။သခင်ခရစ်တော်လက်ဝါးကားတိုင်ပေါ်မှာ မြှောက်ထားခံရခြင်း ၏ ကယ်တင်ခြင်းနက်နဲရာအချက်တွေကို ထောက်ရှုစဉ်းစားခွန်အားယူဖို့ဖြစ်သလို သူ့သားသမီးတွေဖြစ်တဲ့ကျွန်ုပ်တို့ကို အစဉ်အမြဲဂရုစိုက်စောင့်ရှောက်နေသည်ကို ကျွန်ုပ်တို့ယုံကြည်ဖို့ဖြစ်တယ်။ကျွန်ုပ်တို့နေ့စဉ် ဘဝအသက်တာမှာဘုရား၏ချစ်ခြင်းကို ယုံကြည်ကိုးစားရင်းရှင်သန်နေထိုင်သွားပြီးကျွန်ုပ်တို့ ဘုရားသခင်အပေါ်မှာယုံကြည်ခြင်းနဲ့သာ အသက်ရှင်နေထိုင်သွားမည်ဆိုရင် ကျွန်ုပ်တို့မျှော်လင့်နေတဲ့ထာဝရအသက်ကိုရရှိခံစားရမှာဖြစ်တယ်။ စစ်မှန်သောထာဝရအသက်ကိုရယူပိုင်ဆိုင်နိုင်ရန်ဆက်လက်ကြိုးစားကြပါစို့။

Daily Reflection