16.9.2024 – Monday of Week 24th in Ordinary Time;
စက်တင်ဘာလ ၁၆ ရက်၊ ၂၀၂၄၊ ၂၄ကြိမ်မြောက်တနင်္ဂနွေနေ့
Luke 7:1-10- ဧဝံဂေလိကျမ်း ရှင်လုကာ ၇း၁-၁၀
Reflection by Sr. Cecilia Huai Huai (LWST)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ဒီကျမ်းချက်ကိုဖတ်ရှုခြင်းဖြင့် လူတစ်ရာတပ်မှုးရဲ့ယုံကြည်ခြင်းကိုတွေ့ရှိရပါတယ်။ သူဟာယုံကြည်ခြင်းဘယ်လောက်ကြီးမားတယ်ဆိုတာကို သခင်ခရစ်တော်ကတွေ့တဲ့ချိန်မှာအံ့ဩသွားခဲ့ပါတယ်။ ကျွန်ုပ်တို့ခရစ်ယာန်ဘဝ အသက်တာမှာယုံကြည်ခြင်းက မရှိမဖြစ်လိုအပ်တဲ့အရာဖြစ်တယ်။တပ်မှူးရဲ့ယုံကြည်ခြင်းက သူ့ငယ်သားရဲ့ခံစားနေရတဲ့ရောဂါကို ပျောက်ကင်းချမ်းသာစေခဲ့တယ်။ ဒီအချက်ကို ထောက်ရှုစဉ်းစားရင်ကျွန်ုပ်တို့ဘဝမှာ အရာရာထက်ဘုရားရှင်ကိုယုံကြည်ပြီးတပ်မှူးကဲ့သို့ နှိမ့်ချခြင်းနဲ့အသက်ရှင်သန်နေထိုင်သွားကြရမှာဖြစ်ပါတယ်။ သခင်ခရစ်တော်က ကျွန်ုပ်တို့ဘယ်လောက် အလုပ်လုပ်နိုင်တယ်ဆိုတာထက်ကျွန်ုပ်တို့ယုံကြည်ခြင်းဘယ်လောက်ရှိပြီး အလုပ်လုပ်နေတယ်ဆိုတာကိုပိုပြီးတန်ဖိုးထားပါတယ်။ ကျွန်ုပ်တို့ယုံကြည်ခြင်းရှိရင် ကိုယ့်ခွန်အားနဲ့မလုပ်နိုင်တဲ့အရာတွေမှာတောင် ပြီးမြောက်သွားတဲ့အလုပ်တွေအများကြီးရှိပါတယ်။ ယုံကြည်ခြင်းရှိဖို့ပဲလိုအပ်ပါတယ်။ နောက်ဆုံးအနေနဲ့သခင်ခရစ်တော်က သူ့ကိုယုံကြည်တဲ့သူတွေအတွက်အရာရာကိုပြုလုပ်ဆောင်ရွက်ပေးနိုင်ကြောင်းဒီကျမ်းချက်အားဖြင့် သိရှိနိုင်ပါတယ်။ ယုံကြည်ခြင်းအားဖြင့်ပြောင်းလဲသောအသက်တာမှာရှင်သန်ဖို့ဘုရားရှင် ကျွန်ုပ်တို့တစ်ဉီးစီကို ဖိတ်ခေါ်တော်မူတယ်။ ကျွန်ုပ်တို့တွေဟာလည်း တပည့်တော်ကြီးတွေလိုယုံကြည်ခြင်းကို တိုးပွားစေတော်မူပါလို့ ဆုတောင်းကြရအောင်။