24.9.2024 – 25th Tuesday in Ordinary Time;
စက်တင်ဘာလ ၂၄ ရက်၊ ၂၀၂၄၊ ၂၅ကြိမ်မြောက်သာမန်အင်္ဂါနေ့
Luke 8:19-21- ရှင်လုကာ ဧဝံဂေလိကျမ်း ၈း၁၉-၂၁
Reflection by Sr. Lucy Hat Nun Them, LWST
Posted by Sr. Benedetta Myat Hnin New(ISR)
ယနေ့ဖတ်ရှု့ရတဲ့နှုတ်ကပါတ်တော်ထဲမှာ သခင်ယေဇူးကဘုရားအလိုတော်အတိုင်းလိုက်နာကျင့်ကြံကြတဲ့ကျွန်ုပ်တို့အားလုံးကိုသူ့ရဲ့မိဘ၊ ညီအစ်ကိုမောင်နှမဖြစ်ဖို့ ဖိတ်ခေါ်နေပါတယ်။ သခင်ယေဇူးကမယ်တော်နဲ့သူ့ညီတော်တွေကိုအရေးမစိုက်တာမဟုတ်ပဲ သူတို့ ဘုရားအလိုတော်အတိုင်းကျင့်ကြံကြတဲ့သူတွေပါလို့ ကျွန်ုပ်တို့ကိုညွှန်ပြနေတာဖြစ်တယ်။ ဘုရားအလိုတော်ကိုလိုက်နာကျင့်ကြံကြဖို့ဘုရားသခင်ရဲ့ နှုတ်ကပါတ်တော်မြတ်ကို နှလုံးသွင်းဖို့ရန်ဘယ်အရာက ကျွန်ုပ်တို့အတွက်အတားအဆီးဖြစ်စေတာလဲ။ ဖုန်းလား။ပစ္စည်းဥစ္စာလား၊ပညာလား၊ လောကီရေးရာလားဆိုတာ ကိုယ့်ကိုယ်ကိုပြန်မေးပြီးဆုတောင်းဖို့၊ကမ္မဠာန်းထိုင်ဖို့အချိန်ပေးရမှာဖြစ်တယ်။ ဘုရားနှုတ်ကပါတ်တော်ကိုပထပဦးစွာနှလုံးသွင်းကြပါစို့။လောကရှိအရာများဟာမတည်မြဲပဲ တမလွန်အထိယူ သွားလို့မရပါဘူး။ ဒါကြောင့် ဘုရားရှင်၏နှုတ်ကပါတ်တော်မြတ်ကို နှလုံးသွင်းကာ နေ့စဉ်ကျင့်ကြံခြင်းအားဖြင့်ဘုရားသခင်၏ စစ်မှန်တဲ့ဘဝအသက်တာကို ကောင်းမွန်ဆုံး ကြိုးစားကျင့်ကြံနေထိုင်သွားကြပါစို့။