Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-09-23 22:19:44

25.9.2024 – 25th Monday in Ordinary Time
စက်တင်ဘာလ ၂၅ ရက်၊ ၂၀၂၄၊ ၂၅ကြိမ်မြောက်သာမန် ဗုဒ္ဓဟူးနေ့
Luke 9:1-6- ရှင်လုကာ ဧဝံဂေလိကျမ်း ၉း၁-၄
Reflection by Sr.Monica (LWST)
Posted by Sr. Benedetta Myat Hnin New(ISR)  

ဤယနေ့ထောက်ရှုရသောကျမ်းစာတော်မြတ်ထဲမှာ သခင်ယေဇူးကတပည့်တော်တစ် ဆယ့်နှစ်ပါးတို့အပေါ်မှာအာဏာပေးတော်မူခဲ့တာ တွေ့ရပါတယ်။ ဒါတွေက ဘာတွေလဲဆိုရင် နတ်ဆိုးများကိုနှင်ထုတ်နိုင်တဲ့တန်ခိုး၊ရောဂါဝေဒနာတွေကိုကုသပျောက်ကင်းစေနိုင်တဲ့တန်ခိုး တွေဖြစ်တယ်။ တန်ခိုးအာဏာတွေပေးပြီးတဲ့နောက် ကိုယ်တော်ကတပည့်တော်တစ်ဆယ့်နှစ်ပါးတို့ကို ကောင်းကင်နိုင်ငံတော်အကြောင်း ဟောပြောဖို့ရန်နှင့်ဖျားနာသောသူတို့ကိုကုသဖို့ရန် စေလွှတ်တော်မူခဲ့တယ်။ စေလွှတ်ခြင်းကိုမိန့်တော်မူတဲ့နောက်မှာ ကိုယ်တော်က တပည့်တော်တွေကို ထပ်မံမှာကြားတော်မူခဲ့သည်ကား သင်တို့သွားရမည့်လမ်းခရီးအတွက် မည်သည့်အရာမျှ ယူဆောင်မသွားကြလေနှင့်။ တောင်ဝှေး၊ လွယ်အိတ်၊ စားစရာနှင့် ငွေကြေး၊ ဝတ်ရုံကိုလည်း နှစ်ထည် ယူဆောင်မသွားကြနဲ့လို့မှာထားတယ်။ ဒါကို ထောက်ရှုခြင်းအားဖြင့် ခွန်အားရစေသောအရာက ဘုရားကိုအကြွင်းမဲ့ယုံကြည်ကိုးစားဖို့ပဲဖြစ်ပါတယ်။ အရာအားလုံးဟာ ဘုရားထံမှလာတာဖြစ်တဲ့အတွက် မစိုးရိမ်ပဲ ဘုရားကစီမံပေး ကောင်းကြီးပေးမှာဖြစ်တယ်။ ဘုရားကိုအကြွင်းမဲ့ယုံကြည်ပြီးလုပ်စေချင်တာလဲဖြစ်တယ်။ ဘုရားရှင်ရဲ့သတင်းကောင်းကို ကိုယ်တစ်ယောက်တည်းကပဲ သိထားပြီး၊ကိုယ်ကပဲခံစားပြီး သိမ်းဆည်းမထားရပါဘူး။ တစ်ပါးသူတွေအားလည်းဝေမျှရမှာဖြစ်တယ်။ ဒါကြောင့် ဘုရားရှင်ကမည်သည့်အိမ်ကိုမဆို သင်တို့ဝင်ကြလျှင်ထိုအိမ်၌နေထိုင်၍ အဲ့ဒီနေရာကနေပဲပြန်လည်ထွက်သွားကြဖို့ပြောထားတယ်။ ကျွန်ုပ်တို့သာသနာပြုတဲ့နေရာမှာလက်ခံတဲ့သူရှိသလို လက်မခံတဲ့သူတွေလဲတွေ့ရမှာပါ။ သခင်ယေဇူးကသင်တို့၏ခြေမှမြေမှုန့်ကို ခါပစ်ကြလော့ဟုမိန့်တော်မူခဲ့တယ်။ သခင်ယေဇူးက တပည့်တော်တစ်ဆယ့်နှစ်ပါးတို့ကို ထွက်သွားကြ၍ မြို့ရွာများသို့လှည့်လည်ကာအရပ်ရပ်၌ ဧဝံဂေလိသတင်းကောင်းကိုဟောပြောလျက် အနာရောဂါများကိုပျောက်ကင်းစေကြလော့ဟုမိန့်တော်မူခဲ့တယ်။ တပည့်တော်တို့က ဘုရားကိုမသိ၊ မယုံကြည်မကိုးကွယ်တဲ့သူတို့ကိုလည်း ဧဝံဂေလိသတင်းကောင်း ဟောကြားခဲ့ကြတယ်။ အနာရောဂါခံစားနေကြတဲ့သူတို့ကိုလည်း ကုသပေးကြတယ်။ ခွန်အားယူရမှာကတော့ လောကမှာအသက်ရှင်နေကြတဲ့လူသားတိုင်းက ဝိညာဉ်နဲ့ခန္ဓာပေါင်းစပ်ပြီး အသက်ရှင်နေကြတဲ့သူများဖြစ်တဲ့အားလျော်စွာ သခင်ယေဇူးက ဝိညာဉ်အတွက် ခွန်အားရစေတဲ့ဧဝံဂေလိသတင်းကောင်း ဟောကြားစေခဲ့တယ်။ ဝိညာဉ်ကျန်းမာရင်ခန္ဓာလည်းကျန်းမာနေမှာဖြစ်တယ်။

Daily Reflection
2024-09-27 00:34:16

28.9.2024 – 25th Saturday in Ordinary Time
စက်တင်ဘာလ ၂၈ ရက်၊ ၂၀၂၄၊ ၂၅ကြိမ်မြောက်သာမန်ကာလ စနေနေ့
Luke 9:43-45- ရှင်လုကာ ဧဝံဂေလိကျမ်း ၉း၄၃-၄၅
Reflection by  Sr. Maria Aung (LWST)
Posted by Sr. Benedetta Myat Hnin New(ISR)