Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-09-24 21:36:50

26.9.2024 – 25th Monday in Ordinary Time
စက်တင်ဘာလ ၂၆ ရက်၊ ၂၀၂၄၊ ၂၅ကြိမ်မြောက်သာမန်ကာလ ကြာသပတေးနေ့
Luke 9:7-9- ရှင်လုကာ ဧဝံဂေလိကျမ်း ၉း၇-၉
Reflection by Sr.Jacinta Mai Ra (LWST)
Posted by Sr. Benedetta Myat Hnin New(ISR)   

လူရယ်လို့ဖြစ်လာပြီဆိုရင် အားသာချက်၊ အားနည်းချက်ဆိုတာကရှိစမြဲဖြစ်ပါတယ်။ လူတစ်ယောက်ကိုသူ့အားနည်းချက်ပဲကြည့်ပြီးဝေဖန်မလား။ ဒါမှမဟုတ်သူ့အားသာချက်ကိုကြည့်ပြီးအတုယူမလားဆိုတာ ကိုယ်နဲ့ပဲဆိုင်ပါတယ်။လူတော်တော်များများက ဟေရုဒ်ဘုရင်ကြီးကိုအမှန်တရားကိုရင်မဆိုင်ရဲသူ၊ ဖြောင့်မတ်သောယောဟန်ကိုသတ်ဖြတ်သူအဖြစ်သာရှုမြင်တတ်ကြတယ်။ ကျွန်ုပ်အနေဖြင့် ထိုအားနည်းချက်ထဲမှသူ၏အားသာချက်အချို့ကို အတုယူဖွယ်ထောက်ရှုရမယ်ဆိုရင်ပထမဆုံးအနေဖြင့် ဟေရုဒ်မင်းကြီးဟာ စကားတည်သူဖြစ်တယ်။ဟေရုဒ်ဒိယသမီးက ကပြဖျော်ဖြေတာကိုသဘောကျနှစ်သက်သောဟေရုဒ်သည် ထိုမိန်းကလေးတောင်းသမျှအရာအားလုံး၊ သူ၏နိုင်ငံတစ်ဝက်ကိုပါပေးမည့်အကြောင်းကတိပြုထားတဲ့အကြောင်းတွေ့ရတယ်။ ထိုမိန်းကလေးကယောဟန်ခေါင်းကို တောင်းဆိုတဲ့အခါ သူ့အတွက်လည်းအင်မတန်အခက်တွေ့ခဲ့သည်။ သို့သော် သူ့ကတိစကားအတိုင်း ခက်ခဲစွာနဲ့ကတိတည်ခဲ့တယ်။ ကျွန်ုပ်တို့ဘ၀မှာလည်း ပြုထား တဲ့ကတိသစ္စာများကို ခိုင်ခိုင်မာမာတည်မြဲနိုင်အောင် ကြိုးစားလုပ်ဆောင်ရန်လိုအပ်ပါသည်။ သူတော်စင်ဘ၀လျှောက်လှမ်းသူတွေလည်း ဘုရားနှင့်ကိုယ်ပြုခဲ့တဲ့ကတိသစ္စာတွေတည်ဖို့ လိုအပ်ပါတယ်။ဒုတိယချက်မှာပထမနည်းတူ မိမိကတိပြုတာကိုယုံကြည်ချက်ရှိရှိ အာမခံနိုင်ခြင်းဖြစ်သည်။ သခင်ယေဇူးပေါ်လာသောအခါ လူတစ်ချို့ကယောဟန်ပြန်ရှင်လာပြီပြောကြသော်လည်း ဟေရုဒ်ကခေါင်းဖြတ်တာကိုသိပြီးဝန်ခံခဲ့တယ်။ သူတော်စင်ဘ၀နဲ့သခင်ယေဇူးနောက်လိုက်နေချိန်မှာလူတွေက မိမိလုပ်ရပ်ကို နားမလည်နိုင်ပဲ‌ဝေဖန်တတ်ကြတယ်။ တချို့ဆိုရင် အခြားအလုပ်လုပ် ကြဖို့အထိ အကြံပြုကာ မိမိ၏လျှောက်လှမ်းနေသောအသက်တာအပေါ် သံသယ‌ဝင်ကာ ဝေဝါးစေတတ်တယ်။ ဒီနေ့ကျမ်းစာအားဖြင့် မိမိဘဝကိုပြန်လည်သုံးသပ်ပြီး မိမိဘယ်လမ်းကိုသွားနေတာလဲ ဘယ်သူ့နောက်လိုက်နေတာလဲဆိုတာကို နားလည်သဘောပေါက်ပြီး ဘဝကိုမှန်မှန်ကန်ကန်နေထိုင်အသက်ရှင်ဖို့ ခွန်အားပေးနေပါတယ်။ ဘယ်သူတွေဘာပြောပြောသခင်ယေဇူးကိုသာ မျက်မှောက်ပြုပြီး လျှောက်လှမ်းကြပါစို့။

Daily Reflection
2024-09-27 00:34:16

28.9.2024 – 25th Saturday in Ordinary Time
စက်တင်ဘာလ ၂၈ ရက်၊ ၂၀၂၄၊ ၂၅ကြိမ်မြောက်သာမန်ကာလ စနေနေ့
Luke 9:43-45- ရှင်လုကာ ဧဝံဂေလိကျမ်း ၉း၄၃-၄၅
Reflection by  Sr. Maria Aung (LWST)
Posted by Sr. Benedetta Myat Hnin New(ISR)