27.9.2024 – 25th Friday in Ordinary Time
စက်တင်ဘာလ ၂၇ ရက်၊ ၂၀၂၄၊ ၂၅ကြိမ်မြောက်သာမန်ကာလ သောကြာနေ့
Luke 9:18-22- ရှင်လုကာ ဧဝံဂေလိကျမ်း ၉း၁၈-၂၂
Reflection by Sr Celestina Wai (LWST)
Posted by Sr. Benedetta Myat Hnin New(ISR)
ယေဇူးခရစ်တော်သည် ကယ်တင်ရှင်မေဆီးယ“မိတ်ဆွေ သင်ဘယ်သူလဲ” လို့လူတိုင်းလိုလိုအမေးခံကြရဖူးပါလိမ့်မည်။ သင်ဘယ်သူဘယ်ဝါဖြစ်ကြောင်းသက်သေခံဖို့ရှက်နေပါသလား။အဆိုးမြင်ကြမှာစိုးလို့ ကြောက်နေပါသလား။ ကျွန်ုပ်တို့တတွေသူငယ်ချင်း၊မိတ်ဆွေများထံမှ တစ်ခါတစ်လေကြားရတတ်ပါသည်။ ငါအဆိုတော်ဖြစ်ဖို့၊ ဆရာဝန်ဖြစ်ဖို့၊ တရားဟောဆရာဖြစ်ဖို့၊ အကျော်အမော်တွေဖြစ်ဖို့ ကြိုးစားတာပဲ။ ဒါပေမဲ့ ဘာမှမထူးပါဘူး။ကြိုးစားချင်စိတ်တောင်မရှိတော့ဘူး။ တစ်ချို့လူတွေဆိုရင် သူတို့မဖြစ်နိုင်တဲ့အရာ၊ရာထူး၊ အဆင့်အတန်းတွေကိုပဲ မက်မက်နေကြသည်။ လူ့ဘုံအလယ်မှာဂုဏ်ရှိရှိ၊နာမည်ကြီးလိုမှုနဲ့ ကြည်ညိုခြင်းခံရဖို့၊ အခေါ်ခံရဖို့ ဝန်မလေးတတ်ကြဘူး။ တကယ်တမ်းတော့ငါဘယ်သူလဲဆိုတာ ကောင်းကောင်းမသိကြလို့ပဲဖြစ်တယ်။ကိုယ့်ရဲ့စစ်မှန်သောအဖြစ်မှာ “အပြစ်ရှိလူသား”လို့ပဲ ဖြေရမှာပဲမလား။ အပြစ်နွံထဲရှိလောကသားဖြစ်သည့် အလျောက်ဘုရားသခင်ရှေ့မျက်မှောက်၌မည်သူမှ သန့်ရှင်းတဲ့သူတစ်ယောက်မျှမရှိပေ။အားလုံအပြစ်သားဖြစ်ကြောင်းဝန်ခံကြရမည်။ကိုယ်တော်ကလည်း“ငါသည်မည်သူဖြစ်သနည်း”ဟု သူ၏တပည့်တော်ကြီးတို့ကို မေးသောအခါ တပည့်တော်ပေတရူးသည် တုံ့ဆိုင်းမနေပဲ ကိုယ်တော်သည် ဘုရားသခင်၏ ခရစ်တော်ဖြစ်ပါသည်” ဟု အလျင်အမြန်ဖြေခဲ့သည်။ကိုယ်တော်မေးတဲ့မေးခွန်း ကောင်းမွန်သောမေးခွန်း ဖြစ်နေသလိုပေတရူးဖြေသွားတဲ့အဖြေဟာလည်း ကျေနပ်စရာ၊ ကောင်းမွန်တဲ့ အဖြေပဲဖြစ်နေသောကြောင့်ကိုယ်တော်သည် မည်သူ့ကိုမျှမပြောရန် တားမြစ်ထားလေသည်။ သေချာသည့်အရာတစ်ခုမှာ ကိုယ်တော်သည် ဘုရားသခင်၏ ခရစ်တော်ပေတည်း။ ခရစ်တော်၏အနက်အဓိပ္ပါယ်ကား“ ကယ်တင်ရှင်၊ကယ်နုတ်ယူသူ”ဟူ၍ဖြစ်သည်။ ဘုရားကိုယ်တိုင် လူ့ဇာတိ သဘောကိုယူကာ သူဖန်ဆင်းထားသောလူသားတွေကပဲ သူ့ကိုစော်ကားနှိပ်စက်၊ အသေသတ်ခဲ့ကြသည်။ ခရစ်တော်သည်ရက်စက်ကြမ်းကြုတ်သောသေခြင်းမျိုးကို ကြည်ဖြူစွာခံထမ်းခဲ့သည်မှာ လူသားအပေါ်ထားရှိသောဘုရားသခင်၏ မေတ္တာတော်ဖြစ်သည်။လူသားဖြစ်တဲ့ကျွန်ုပ်တို့အနေဖြင့်ထိုမေတ္တာကိုပြန်လည်ပေးဆပ်ရန်မှာလည်း မေတ္တာလမ်းစဉ်မှတပါး အခြားသောလမ်းစဉ်မရှိနိုင်တော့ပေ။