30.9.2024 – 26th Monday in Ordinary Time
စက်တင်ဘာလ ၃၀ ရက်၊ ၂၀၂၄၊ ၂၆ကြိမ်မြောက်သာမန်ကာလတနင်္လာနေ့
Mark 9:46-50- ရှင်မာကု ဧဝံဂေလိကျမ်း ၉း၄၆-၅၀
Reflection by Sr.Lucy Zing (LWST)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
သင်ရောကြီးမြတ်တဲ့သူဖြစ်ချင်လား။ ဘာအတွက်ဖြစ်ချင်တာလဲ။ နိုင်ငံရေးမှာရော၊ ဘာသာရေးမှာရောကြီးမြတ်တဲ့သူဖြစ်ချင်နေကြတာက လူတွေလေးစားချီးမွမ်းခံရဖို့သူများရဲ့အထက်မှာနေချင်လို့သာဖြစ်ချင်ကြတာများပါတယ်။ သခင်ခရစ်တော်ကကိုယ့်အတ္တအတွက် ကြီးမြတ်လိုတဲ့စိတ်ဆန္ဒကို မနှစ်သက်ပါဘူး။ ဒီအတွက်ကြောင့် ကျွန်ုပ်တို့ဘုရားအမှုတော်ဆောင်ကြတဲ့နေရာမှာစိတ်နှိမ့်ချစွာနဲ့ ဘုရားမျက်နှာကိုရရှိဖို့အတွက်သာအဓိက ထောက်ထားပြီးဆောင်ရွက်ကြပါစို့။