Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-10-01 04:08:45

2.10.2024 – Wednesday of Week 26th in Ordinary Time;
အောက်တိုဘာလ ၂ ရက်၊ ၂၀၂၄၊ ၂၆ကြိမ်မြောက် ဗုဒ္ဓဟူးနေ့  
Holy Guardian Angels Feast day
Matthew 18;1-5,10 - ဧဝံဂေလိကျမ်း ရှင်မဿဲ ၁၈:၁-၅၊ ၁၀ 
Reflection By Sr. Patrcia, SFX
Posted by Sr. Benedetta Myat Hnin Nwe(ISR)  

သခင်ယေဇူးကို တပည့်တော်တွေက မေးခွန်းမေးလို့သခင်ယေဇူးက ဖြန်ဖြေတဲ့အကြောင်းအရာပဲဖြစ်ပါတယ်။တပည့်တော်တွေကသခင်ယေဇူးအနားကို ချဉ်းကပ်လာကြပြီး ကောင်းကင်နိုင်ငံတော်မှာဘယ်သူက ပိုပြီး ကြီးမြတ်သောသူဖြစ်မလဲလို့မေးကြပါတယ်။ သခင်ယေဇူးက အချက် (၄)ချက်နဲ့ပြန်ဖြေတာကိုတွေ့ရပြီး သူငယ်ကိုဗဟိုပြုဥပမာနဲ့ပြန်ဖြေတာသလို နှိမ့်ချသောစိတ်ကိုဗဟိုပြုတာကိုလည်း တွေ့ရပါတယ်။“သင်တို့သည်ပြောင်းလဲ၍ သူငယ်ကဲ့သိုမဖြစ်လျှင်ကောင်းကင်နိုင်ငံတော်သို့ မရောက်ရကြ။” လို့ ဖြေပါတယ်။အဖြေကထူးခြားပါတယ်။ ကောင်းကင်နိုင်ငံတော်မှာဘယ်သူကပိုပြီးကြီးမြတ်မလဲထက်ကောင်းကင်နိုင်ငံတော်ကို ရောက်မရောက်ကအရေးကြီးပါတယ်။သူငယ်ကဲ့သို့ပြောင်းလဲမှကောင်းကင်နိုင်ငံတော်ကိုရောက်မယ်။မပြောင်းလဲရင်မရောက်ဘူးလို့ သခင်ယေဇူးကအတိအလင်းပြောပါတယ်။သူငယ်ရဲ့သဘောသဘာဝက တခုခုကိုလုပ်ဆောင်ဖို့ မိမိမတတ်နိုင်ဘူး၊ မိမိထက် တတ်စွမ်းသူ၊ ကြီးမြတ်သူကို လိုအပ်လေ့ရှိပါတယ်။ “ငါမတတ်နိုင်ဘူး” ဆိုတဲ့ စိတ်သဘောဖြစ်ပါတယ်။တနည်းအားဖြင့်နိမ့်ချသောစိတ်ဖြစ်ပါတယ်။ကျွန်တော်တို့လူတွေရဲ့သဘောသဘာဝက တခုခုဆိုငါသိတယ်၊ ငါလုပ်နိုင်တယ်၊ ငါပိုသိတယ်ဆိုတဲ့စိတ်ရှိတတ်ပါတယ်။ ဒါဟာ မာနစိတ်ဖြစ်ပါတယ်။ လူသားသဘာဝက ကောင်းကင်နိုင်ငံတော်ကိုရောက်ရှိဖို့ရန်လည်း မိမိရဲ့ ကြိုးစားအားထုတ်မှုနဲ့ ကြိုးစားတတ်ကြပါသေးတယ်။ ကြိုးစားရင်ရောက်မယ်လို့ထင်တတ်ပါတယ်။တကယ်တော့ ကောင်းကင်နိုင်ငံတော်ကိုရောက်ဖို့လူမတတ်နိုင်ပါ။ ဒါကို သိမြင်ပြီး စိတ်နှလုံးပြောင်းလဲဖို့ လိုအပ်ပါတယ်။ အပြစ်ငရဲကလွှတ်ဖို့ ငါ့ရဲ့ကြိုးစားအားထုတ်မှုနဲ့မရဘူး၊ ငါမတတ်နိုင်ဘူးလို့ ဝန်ခံပြီးသခင်ယေဇူးပြုပေးတဲ့ ကယ်တင်ခြင်း၊ အသွေးတော်အားဖြင့်အပြစ်ဆေးကြောပေးခြင်းကိုနှိမ့်ချသောစိတ်နဲ့ယုံကြည်လက်ခံရပါမယ်။“သခင်ယေဇူးကကျမ်းစာလာတဲ့အတိုင်းငါတို့အပြစ်ကြောင့် အသေခံတယ်။သင်္ဂြိုလ်ပြီးမှ ကျမ်းစာလာသည့်အတိုင်း သုံးရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်တော်မူတယ်။”ဆိုတာကို နှိမ့်ချသောစိတ်နဲ့ ယုံကြည်လက်ခံသူကသာ ကောင်းကင်နိုင်ငံတော်ကိုရောက်ရှိမယ်လို့ သခင်ယေဇူးကပြောနေပါတယ်။*ဆုတောင်းကြစို့*အိုအဘ၊ကျွန်ုပ်ကို အပြစ်မှကယ်တင်ပေးဖို့သခင်ယေဇူးကို စေလွှတ်တဲ့အတွက် ကျေးဇူးတင်ပါ၏။ ကျွန်ုပ်တို့အပြစ်အတွက် လက်ဝါးကပ်တိုင်မှာအသေခံခဲ့ပြီး သင်္ဂြိုလ်ခြင်းကိုခံ၍၊ (၃) ရက်မြောက်သောနေ့မှာ ရှင်ပြန်ထမြောက်ခဲ့သော သခင်ယေဇူးကို ကျွန်ုပ်တို့ ယုံကြည်လက်ခံပါ၏။ လူအပေါင်းတို့သည်လည်း သခင်ယေဇူးကို မိမိအပြစ်မှကယ်တင်ပေးသော ကယ်တင်ရှင်ဖြစ် ယုံကြည်လက်ခံကြစေရန် မစတော်မူပါ။ ဧဝံဂေလိသတင်းစကားသည် သာ၍ ပျံ့နှံ့စေပါ။ သခင်ယေဇူးနာမ၌ ဆုတောင်းပါ၏။ အာမင်။

Daily Reflection
2024-09-27 00:34:16

28.9.2024 – 25th Saturday in Ordinary Time
စက်တင်ဘာလ ၂၈ ရက်၊ ၂၀၂၄၊ ၂၅ကြိမ်မြောက်သာမန်ကာလ စနေနေ့
Luke 9:43-45- ရှင်လုကာ ဧဝံဂေလိကျမ်း ၉း၄၃-၄၅
Reflection by  Sr. Maria Aung (LWST)
Posted by Sr. Benedetta Myat Hnin New(ISR)