Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-10-02 01:57:36

3.10.2024 – Thursday of Week 26th in Ordinary Time;
အောက်တိုဘာလ ၃ ရက်၊ ၂၀၂၄၊ ၂၆ကြိမ်မြောက် ကြာသပတေးနေ့  
Luke10:1-12- ဧဝံဂေလိကျမ်း ရှင် လုကာ ၁၀:၁-၁၂ 
Reflection By Sr. Patrcia, SFX
Posted by Sr. Benedetta Myat Hnin Nwe(ISR)    

ရှင်လုကာ ၁၀၁-၁၂ က သခင်ယေဇူးက တပည့်တော်တွေကိုမြို့ရွာများကို စေလွှတ်တဲ့အကြောင်းဖြစ်ပါတယ်။ သခင်ယေဇူးကသူသွားမယ့်မြို့ရွာများဆီကို “ဘုရားသခင်နိုင်ငံတော်သင်တို့၌ တည်ထောင်ချိန်နီးပြီ”ဆိုပြီး ဟောပြောဖို့ တပည့်တော် နှစ်ယောက်တတွဲ ရှေ့ပြေးအနေနဲ့ စေလွှတ်ပါတယ်။“အိမ်ကိုဝင်တဲ့အခါ ဤအိမ်သည် မင်္ဂလာဖြစ်ပါစေလို့ပြောပါ။သင်တို့ကိုလက်ခံရင်နေပါ။ အိမ်ရှင်ကျွေးတဲ့အစားအစာကိုစားပါ။လူနာတွေကိုချမ်းသာပေးပြီးတော့ ဘုရားသခင်နိုင်ငံတော် သင်တို့၌တည်လုချိန်နီးပြီလို့ဟောပြောပါ။”လို့ တပည့်တော်တွေကိုမှာကြားပါတယ်။ အကယ်၍ သင်တို့က“မင်္ဂလာဖြစ်ပါစေ” လို့ပြောတဲ့အခါ သူတို့က လက်မခံရင်တော့“ မြို့လမ်းကိုထွက်ပြီး သင်တို့မှာကပ်နေတဲ့မြေမှုန့်ကိုခါလိုက်ပါ။ ဘုရားသခင်နိုင်ငံတော် မင်းတို့အနီးအနားကို ရောက်ခဲ့တယ်ဆိုတာ မှတ်ထားကြပါ။”လို့ မှာခိုင်းပါတယ်။ခရစ်တော်ရဲ့ဧဝံဂေလိသတင်းစကားကို သင်နဲ့ကျွန်ုပ်သာမကလူအများကကြားနေကြရပါတယ်။ ခရစ်တော်၏ဧဝံဂေလိသတင်းစကားဖြစ်တဲ့“ခရစ်တော်ကသင့်အပြစ်၊ကျွန်ုပ်ရဲ့အပြစ်နဲ့လူသားအားလုံးအပြစ်အတွက် လက်ဝါးကပ်တိုင်မှာအသေခံခဲ့တယ်။ထိုသခင်ဟာသင်္ဂြိုဟ်ခြင်းကိုခံပြီး သုံးရက်မြောက်တဲ့နေ့မှာရှင်ပြန်ထမြောက်ခဲ့တယ်။”ဆိုတဲ့သတင်းစကားကနည်းလမ်းအမျိုးမျိုးနဲ့ကျွန်ုပ်တို့အားလုံးထံရောက်ရှိပြီးဖြစ်ပါတယ်။ သခင်ယေဇူးလုပ်ဆောင်ပေးခဲ့ခြင်းက ငါ့အပြစ်အတွက်ဖြစ်တယ်ဆိုပြီး သခင်ယေဇူးကိုမိမိရဲ့အပြစ်ကနေကယ်တင်ပေးတဲ့ကယ်တင်ရှင်အဖြစ်ယုံကြည်လက်ခံရင်ကယ်တင်ခြင်းမင်္ဂလာကို လက်ခံရရှိပါတယ်။ လက်မခံခဲရင်တော့ထိုကယ်တင်ခြင်းမင်္ဂလာကို မရရှိပါ။ တကယ်လို့ ငြင်းပယ်ခဲ့ရင် တချိန်မှာ ကျွန်တော်၊ကျွန်ုမ ဧဝံဂေလိသတင်းစကားကို မကြားခဲ့ရဘူး၊မသိလိုက်ဘူး လို့ငြင်းဆိုစရာ အကြောင်းမရှိဆိုတာသတိပေးနေပါတယ်။ခရစ်တော်၏ ဧဝံဂေလိသတင်းစကားကိုကြားရတဲ့သူက လက်ခံယုံကြည်ဖို့ ဘုရားသခင်အလိုရှိတယ်။*ဆုတောင်းကြစို့*အိုအဘ၊ကိုယ်တော်၏ဧဝံဂေလိသတင်းစကားကိုကျွန်ုပ်တို့ ကြားရ၊ယုံကြည် လက်ခံခွင့်ရရှိသည့်အတွက်လည်း ကျေးဇူးတင်ပါ၏။ သခင်ယေဇူးဘုရား၊ ကျွန်ုပ်သည် အပြစ်သားဖြစ်ပါ၏။ သခင်ယေဇူးသည် ကျွန်ုပ်အပြစ်အတွက်၊ လက်ဝါးကပ်တိုင်မှာအသေခံကာ သင်္ဂြိုလ်ခြင်းကိုခံပြီးသုံရက်မြောက်သောနေ့ တွင်ရှင်ပြန်ထမြောက်သော အသက်ရှင်သောဘုရားဖြစ်ကြောင်း ကျွန်ုပ်ယုံကြည်လက်ခံပါ၏။ကျွန်ုပ်၏နှလုံးသားအတွင်းသို့၊ ဝင်ရောက်ကျိန်းဝပ်တော်မူပါ။အုပ်စိုးလမ်းပြတော်မူပါ။သခင်ယေဇူးနာမ၌ ဆုတောင်းပါ၏။ အာမင်။

Daily Reflection
2024-09-27 00:34:16

28.9.2024 – 25th Saturday in Ordinary Time
စက်တင်ဘာလ ၂၈ ရက်၊ ၂၀၂၄၊ ၂၅ကြိမ်မြောက်သာမန်ကာလ စနေနေ့
Luke 9:43-45- ရှင်လုကာ ဧဝံဂေလိကျမ်း ၉း၄၃-၄၅
Reflection by  Sr. Maria Aung (LWST)
Posted by Sr. Benedetta Myat Hnin New(ISR)